ရွှေတောင်မြို့နယ်တွင် Grade-5( သင်ရိုးသစ်) မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် Grade-5( သင်ရိုးသစ်) မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းဖွင့်ပွဲကျင်းပ

  



MNP ၊ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထက( ကြာနီကန်)  ကျောင်းတွင် ယမန်နေ့နံနက်( ၉း၀၀)  နာရီ ကGrade-5( သင်ရိုးသစ်) မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနား ကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းမှာ Grade-5( သင်ရိုးသစ်) သင်တန်းကို မပြီးမြောက်သေးသော မူအုပ်၊မူလတန်းပြ  ဆရာ၊ဆရာမများ အားလုံး Grade-5( သင်ရိုးသစ်) အကြောင်းပိုမိုသိရှိနားစေရန်၊ဘာသာရပ်အသီးသီး၏ အကြောင်းအရာများတွင်သာမက သင်ကြားသင်ယူမှုဖြစ်စဉ်များနှင့် ချဉ်းကပ်နည်းများကိုသိရှိစေရန်၊ကာယဗလ၊ဉာဏဗလ၊စာရိတ္တဗလ၊မိတ္တဗလနှင့်ဘောကဗလစသည့်ဗလငါးတန် ဖွံဖြိုးမှုနှင့် ပြည့်စုံသော ကျောင်းသား၊ကျောင်းသူများ ဖြစ်ပေါ်လာစေရန် နှင့် Grade-5( သင်ရိုးသစ်)သင်ကြားသည့် ဆရာ၊ဆရာမများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရန်  Grade-5( သင်ရိုးသစ်)ရှိ ဘာသာရပ်များအားဆွေးနွေးပို့ချသွားမည်ဖြစ်ပြီးGrade-5( သင်ရိုးသစ်)သင်ကြားမည့် ဆရာ၊ဆရာမ( ၁၇၄)ဦးတက်ရောက်၍ သင်တန်းကာလ ( ၂၃- ၁၂ -၂၀၂၃)မှ( ၂၆- ၁၂ -၂၀၂၃)ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)