MNP ၊ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှု အသိပညာပေးမှုကို ယနေ့နံနက် ၉:၀၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှုတွင် မီးလောင်နေမှုကိုငြိမ်းသတ်ပုံ၊ ဈေးအတွင်းမီးလောင်နေပါကငြိမ်းသတ်ပုံ၊ ကူညီကယ်ဆယ်ပုံ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် လိုက်နာရမည့်အချက်များတို့ကို သရုပ်ပြလေ့ကျင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြလေ့ကျင့် အသိပညာပေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးမှ တာဝန်ရှိသူများ၊ ဈေးသူဈေးသားများ၊ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment