ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ နတ်တလင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ နတ်တလင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး





MNP ၊ ဒီဇင်ဘာ ၁၈ 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးရုံနှစ်ထပ်တိုးချဲ့ဆောင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြခတ်ဝါးရုံကျေးရွာအုပ်စု၊ ကြခတ်ဝါးရုံကျေးရွာ၊ ရန်ကုန်-ပြည်လမ်းဘေးရှိ ပဲခူးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၅)စက်မှုလယ်စခန်းမှ စက်မှုလယ်ယာစနစ်ကျလယ်မြေ (၃၄)ဧက ဖော်ထုတ်လျက်ရှိသည့် ကွင်းအမှတ်(၂၆၀)၊ ဆောင်ရွက်ခွင့်ရဧက (၃၄)ဧက၊ တောင်သူ ဦးကျော်အောင်ပါ (၁၀)ဦး ပိုင်ဆိုင်သည့် နေရာသို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ပြီး နတ်တလင်းခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်နှင့် တာဝန်ရှိသူများ ရှင်းလင်တင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 


ဝေယံဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)