MNP ၊ ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ၈၄လမ်း၊ ၃၈x၃၉လမ်းကြား၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၂၄) မင်းစံရပ်ရှိ Grand Park Hotel တွင် ယမန်နေ့ညက Hotel အပေါ်ဆုံး ၃၁ ထပ်မှ ခုန်ချရန် ကြံစည်သူကို မီးသတ်တပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည(၆ ၀၀)နာရီ အချိန်ခန့်တွင် Grand Park Hotel သို့ (စိတ်ဝေဒနာရှင်) ကျား(၁)ဦးသည် Hotel အပေါ်ဆုံး ၃၁ ထပ်မြောက်ရှိ ရေကူးကန်တွင် ရေကူးရန်ဟုဆိုကာ လာရောက်ခဲ့ပြီး မှန်တံခါးများ လဲလှယ်ရာတွင် စတီးကြိုးတပ် အသုံးပြုသည့် မောင်းတံပေါ်တွင် မတ်တပ်ရပ်၍ ခုန်ချရန် ကြံစည်နေကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မဟာအောင်မြေ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ပြောဆို စည်းရုံး၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ခုန်ချရန်ကြံစည်နေသူအား ည (၇ ၂၀) အချိန်တွင် ဘေးကင်းရာသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment