ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်မြို့နယ် (၅)မြို့နယ်တွင် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်၊ လုပ်ငန်းနယ်ပယ် ရွေးချယ်သတ်မှတ်ခြင်း၊ စာသင်သားနှင့် စာသင်ဝိုင်း စာရင်းကောက်ယူစုစည်းခြင်း၊ စာသင်သား၊ စာသင်ဝိုင်း၊ နည်းပြ၊ ကြီးကြပ်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း၊ နည်းပြသင်တန်းကျင်းပခြင်း၊ သင်ကြားသင်ယူမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “၂၀၂၄ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ခုနှစ် ကြားဖြတ်လူဦးရေနှင့် သန်းခေါင်စာရင်းများအရ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာတတ်‌မြောက်ခြင်း မရှိသူများ စာရင်းအရ အရေး၊ အဖတ်နှင့် အတွက်အချက်များ တတ်မြောက်လာစေရန် ဆောင်ရွက်ပေးပါက တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စာတတ်မြောက်မှုရာခိုင်နှုန်း များသော်လည်း စာမတတ်သူများလည်း ရှိနေသေးပါကြောင်း၊ ငယ်စဉ်က မူလတန်းပညာပြီးဆုံးအောင် မသင်ကြားခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများ စာတတ်မြောက်ရန်နှင့် စဉ်ဆက်ပညာရေးအားသင်ကြားနိုင်ရန် လိုအပ်ပါကြောင်း၊  အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ စုဖွဲ့မှုများ ကြိုတင်ဆောင်ရွက်ထားရှိပြီး   တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် အစည်းဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့်  ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)