MNP ၊ဒီဇင်ဘာ ၁၃
ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း (၁၁၁)ကျောင်းမှ ၂၀၂၃ ပညာသင်နှစ် (Clean & Green) သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရွေးချယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ချောင်းဆုံ(အ.ထ.က)ကျောင်းနှင့် ခလော့ခနိုင်း(အ.မ.က)ကျောင်းတို့အား မော်လမြိုင်ခရိုင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ရွေးချယ်ရေးစိစစ် အကဲဖြတ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ စိစစ်အကဲဖြတ်ရေးအဖွဲ့မှ အခြေခံပညာကျောင်းများအား သတ်မှတ်ထားသည့် အကဲဖြတ်ပုံစံ အညွှန်းကိန်း (၁၇)ခု အမှတ်ပေးဇယားများနှင့် အမှတ်ပေး ရွေးချယ်သွားမည်ဖြစ်ပြီး အဆင့်ဆင့် စိစစ်အကဲဖြတ်၍ ရမှတ်အများဆုံးရရှိသည့် အခြေခံပညာကျောင်း (၂)ကျောင်းအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment