MNP ၊ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊ဇင်းကျိုက်ရပ်ကွက်၌ ယနေ့နံနက် (ဝ၁း၂၀) နာရီက ဇင်းကျိုက်ရပ်ကွက်၊ ဒေါ်ခင်ညွှန့် ၏နေအိမ် ပျဉ်ထောင်၊ပျဉ်ခင်း၊ သွပ်မိုး ခြေတံရှည်အိမ်မှ စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဒေါ်ခင်ညွှန့်၏ နေအိမ်တွင် ခေတ္တလာရောက် နေထိုင်သော သမီးဖြစ်သူ မခင်သန်းချိုနှင့်ခင်ပွန်းဖြစ်သူ မောင်ခင်အေး(ခ) စကွိသည် ဇနီးဖြစ်သူ မခင်သန်းချိုနှင့် လွန်ခဲ့သော (၃)ရက်ခန့်က စကားများ ရန်ဖြစ်ခဲ့သည်ကို မကျေနပ်သဖြင့် နေအိမ်အောက်ရှိ အင်ဖက်လိပ်အား ဂက်စ်မီးခြစ်ဖြင့် မီးရှိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ၊ရဲမှူး သံမရောင် နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ပေါင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုနှင့်တပ်ဖွဲ့ဝင်များကမီးငြိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီးတို့ဖြင့် သွားရောက် မီးငြိမ်းသတ်ခဲ့ရာ (ဝ၁း ၄၅) အချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့သည်။အဆိုပါမီးလောင်မှုကြောင့်နေအိမ်ပေါ်တွင် အိပ်ပျော်နေသောမကွန်းပကားထော(၇)နှစ်သမီးနှင့်ဆိတ်တစ် ကောင်မီးလောင်ထဲပါသွားခဲ့သည်။ထိုမီး လောင်မှုကြောင့် မီးရှို့သူမောင်ခင်အေး(ခ) စကွိအားအမှုဖွင့်အ ရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပေါင်
https://t.me/MyanmarNationalPost



No comments:
Post a Comment