MNP ၊ ဒီဇင်ဘာ ၂
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ ဝန်ထမ်းများ စိတ်ပျော်ရွှင်စေရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို ရည်ရွယ်လျက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ လွန်ဆွဲအားကစားပြိုင်ပွဲကို ယမန်နေ့က ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးလှမိုး တက်ရောက်ကြည့်ရှုအားပေးသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့်ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ ဦးစီးဌာနအလိုက် ဘောလုံးပြိုင်ပွဲများ၊ ဖူဆယ်ပြိုင်ပွဲများ၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ အသင်းလိုက်ထုပ်ဆီးတိုးပြိုင်ပွဲများကို ကျင်းပခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများအလိုက် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ အားကစားပြိုင်ပွဲ နည်းအလိုက် နှစ်သိမ့်ဆုရအသင်းများအား ဒုတိယအမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ တတိယဆုရ အသင်းများအား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ဒုတိယဆုရအသင်းများအား ဒုတိယဝန်ကြီးက လည်းကောင်း၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအသင်း၊ အမျိုးသမီးလွန်ဆွဲ ပြိုင်ပွဲပထမဆုရ သမဝါယမဦးစီးဌာနအသင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲပထမဆုရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲပထမဆုရ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအသင်း၊ ဖူဆယ်ပြိုင်ပွဲ ပထမဆုရ အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနအသင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲ ပထမဆုရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအသင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲပထမဆုရ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန အသင်းတို့ကို ပြည်ထောင်စုဝန်ကြီးက ဆုဖလား၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment