MNP ၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြိုနယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်းက မြကုန်းကျေးရွာအနီး နီပိန်း အစွန်းရောက် ပဒက် အကြမ်းသမားများနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း နီပိန်း အစွန်းရောက် ပဒက် အကြမ်းဖက်သမား ၄ လောင်း၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ အမ်-၂၂ သေနတ် ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၂ ခု၊ အမ်-၂၂ကျည် ၄၀ တောင့်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၁၅ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃)တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ နောက်ကွယ်တွင် အင်အားစုစည်းတည်ဆောက်ခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင်တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချပေးခြင်း စသည်တို့ကို လုပ်ဆောင် လျက်ရှိပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် တာဝန်ရှိသည့်အတွက် သောင်းကျန်းသူ ချေမှုန်းရေးကိုဖိဖိစီးစီးဆောင်ရွက်သွားမည်" ဟု ပြောဆိုထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment