ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများ ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများ ကြည့်ရှုအားပေး


MNP ၊ ဒီဇင်ဘာ ၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ‌အောင်မြေသာစံမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း (နန်းတွင်း)၊ အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း၊ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းနှင့် မန္တလေးပညာရေး ဒီဂရီကောလိပ်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း များကို ကြည့်ရှုစစ်ဆေးသည်။


ပြည်ထောင်စုဝန်ကြီး သည် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး  ကျောင်းသား ကျောင်းသူများအနေဖြင့် ဘဝတိုးတက် အောင်မြင်ရေးအတွက် ပညာကိုကြိုးစား သင်ယူရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ ဆုံးမ သင်ကြားသည့်အတိုင်း ကြိုးစားလိုက်နာကြစေလိုကြောင်းပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေး ကာ ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် တတ်မြောက်အောင် စေတနာထား၍ သင်ကြားပေးရေး၊ တစ်ဦးနှင့် တစ်ဦးအပြန် အလှန်လေးစား တန်ဖိုးထားဆက်ဆံကာ မိမိတို့ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ရေး၊ တက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေး တိုးတက်ကောင်းမွန် အောင်ကြိုးစားဆောင်ရွက်ရေး၊ ကျောင်းသန့်ရှင်း သာယာရေး၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းများကို စာမေးပွဲလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ ဇန်နဝါရီလတွင် နေပြည်တော်၌ကျင်းပမည့် သုတေသနစာတမ်း ဖတ်ပွဲတွင် တန်ဖိုးရှိသည့် သုတေသနစာတမ်းများ ပါဝင်ဖတ်ကြားရေးတို့ကို ဆွေးနွေးပြောကြားကာ တက္ကသိုလ်အတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။


ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက တက္ကသိုလ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)