MNP ၊ ဒီဇင်ဘာ ၁
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယမန်နေ့က လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ်စုပေါင်းအစည်းအဝေးခန်းမ၌ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိသော ဆေးခန်းများ၏ အာမခံ အလုပ်သမားများအတွက် ဆေးကုသဆောင်ရွက်ပေးနေမှုအခြေ အနေများနှင့် ပတ်သက်၍ စာချုပ်ဆေးခန်းမှ တာဝန်ရှိသူများအား တွေ့ဆုံသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးခန်းများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အဓိကလုပ်ငန်းစဉ် (၂)ရပ် ဖြစ်သည့် အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Providing Free Medical Care)၊ ငွေကြေး အကျိုးခံစားခွင့်ပေးခြင်း (Providing Cash Benefits)တို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ အဓိကလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို တစ်ဖက်တစ် လမ်းမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် Providers များ အားလုံးကိုကျေးဇူးတင်ကြောင်း၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက်များကို ကောင်းမွန်ပြည့်စုံစွာ ဖြည့်ဆည်း ပေးအပ်နိုင်ရေးအတွက် လူမှုဖူလုံရေး အဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးများ/ မြို့နယ်လူမှုဖူလုံရေး ဆေးခန်းများအပြင် ပုဂ္ဂလိကနှင့်ပူး ပေါင်းပြီး စာချုပ်ဆေးရုံ/ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း။
ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး Carewell Medical Co; Ltd နှင့် ပူးပေါင်း ကာ အဖွဲ့ပိုင်ဆေးခန်းများတွင် Carewell Medical Co; Ltd မှ လိုအပ်သော ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဖြည့်တင်းကာ ဆေးဘက်စီမံခန့်ခွဲမှုလုပ်ငန်းများ အပါအဝင် ဆေးကုသမှုဝန် ဆောင်မှုများကိုပေးအပ်သည့် စမ်းသပ်ဆေးခန်းများအဖြစ် Carewell Medical Co; Ltd နှင့် စတင်ဆောင်ရွက်ခဲ့ကြောင်း။
၂၀၁၈ ခုနှစ် ဧပြီလတွင် နိုင်ငံတကာတွင် ကျင့်သုံးအောင်မြင်နေသည့် Provider Purchaser Split (Capitation Payment) စနစ်ဖြင့် စာချုပ်ဆေးခန်းများ ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် Capitation Payment စနစ် စာချုပ်ဆေးခန်း ၂၄ ခန်း၊ Fee for Service Payment စာချုပ် ဆေးခန်း ၂၈ ခန်း ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ အကျုံးဝင် အာမခံအလုပ် သမားများအနက် အမျိုးသမီးအလုပ် သမားများသည် သုံးပုံနှစ်ပုံခန့်ရှိခြင်းကြောင့် သားဖွား မီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD Care) နှင့် မီးဖွား ခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ထပ်တိုး ဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်ခဲ့၍ စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၂ ခန်းဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊ စာချုပ်ဆေးခန်းများအနေဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်နေရာတွင် စေတနာ၊ မေတ္တာထားပြီး အလုပ်သမားဆေးရုံကြီးများ အသွင်အပြင် ခံ့ညားစေရေး၊ ဝန်ဆောင်မှု တိုးတက်ကောင်းမွန်စေရေး တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/ ဆေးခန်းများနှင့်ပတ်သက်၍ ဆေးကုသဆောင်ရွက်ပေးမှု အခြေအနေများနှင့် စာချုပ်ဆေးခန်းမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများကို ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment