တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ၌ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများအား အခမဲ့ ဆက်လက် စမ်းသပ် ခွဲစိတ် ကုသပေးနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ၌ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများအား အခမဲ့ ဆက်လက် စမ်းသပ် ခွဲစိတ် ကုသပေးနေမှုအား ကြည့်ရှုအားပေး

 





MNP ၊ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါန, စက္ခုဒါနဆေးရုံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူ ဆရာတော် ဦးဆောင်သည့် သီတဂူနယ်လှည့် မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါဝေဒနာရှင်များအား ယနေ့တွင်  ဆက်လက် စမ်းသပ်ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

မျက်စိရောဂါဝေဒနာရှင်များအား ခွဲစိတ်ကုသရန် လိုအပ်သူများကို ခွဲစိတ်ကုသပေးနိုင်ရန် ရေတိမ်စမ်းသပ်စက်၊ ပါဝါစမ်းသပ်စက်၊ မျက်စိအခြားရောဂါ စမ်းသပ်စက်တို့ဖြင့် အထူးကုဆရာ ဝန်ကြီးများနှင့်အဖွဲ့မှ အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်း၊ ရေချိန်တိုင်းခြင်းကို စမ်းသပ် စစ်ဆေးဆောင်ရွက်ပေးနေမှု၊ ခွဲစိပ်ခန်းအတွင်း မျက်စိရောဂါဝေဒနာရှင်များအား ခွဲစိပ်ကုသပေးနေမှုအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။    

မျက်စိရောဂါဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးခြင်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါန ဆေးရုံစီမံ စောင့်ရှောက်ရေးအဖွဲ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြပြီး မျက်စိရောဂါဝေဒနာများကို ဆေးကုသမှုခံယူရန် စာရင်းပေးထားရှိသူ(၁၅၂၅)ဦးရှိကာ စမ်းသပ်ပြီးသည့် ဝေဒနာရှင်(၄၇၃)ဦးရှိ၍ ခွဲစိပ် ရန် လိုအပ်သည့် ဝေဒနာရှင်(၁၁၉)ဦးရှိနေပြီဖြစ်ပြီး ခွဲစိပ်ပြီးသည့် ဝေဒနာရှင်(၃၆)ဦးရှိပြီဖြစ်ကာ ဆက်လက်စမ်း သပ် ခွဲစိပ်ပေးလျက်ရှိသည်။

မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါ ဝေဒနာရှင်များအား သီတဂူနယ်လှည့် မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ ဆက်လက် စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးနေပြီး မျက်စိခွဲစိတ်ကုသရန် လိုအပ်သည့် ဝေဒနာရှင်များကို ဆေးရုံခွဲစိတ်ခန်းအတွင်း မျက်စိ ခွဲစိတ် ကုသပေးသည့်စက်(၃)စုံ၊ ခွဲစိတ်ကုတင် (၄)လုံးတို့ဖြင့် ယမန်နေ့မှစတင်၍ ခွဲစိတ်ကုသပေးလျက်ရှိကာ နားနေအဆောင်များဖြင့် ဒီဇင်ဘာ(၃၀)ရက်အထိ အခမဲ့စမ်းသပ်စစ်ဆေး ခွဲစိတ် ကုသ အလင်းဒါန ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)