ခါတော်မှီ အကြမ်းဖက်သမား မာဝီ (ခေါ်) သိုက်စိုးအောင် (ခ) ဖိုးသိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခါတော်မှီ အကြမ်းဖက်သမား မာဝီ (ခေါ်) သိုက်စိုးအောင် (ခ) ဖိုးသိုက်






ကယားပြည်နယ်နဲ့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တို့မှာ KNDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ ဒေသခံ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတဲ့ သတင်းတွေ ကြားသိကြဖူးမှာ ဖြစ်ပါတယ်။

KNDF ရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေနဲ့အတူ အကြမ်းဖက်သမား ၁ဦး အဖြစ် ထင်ပေါ်လာသူကတော့ မာဝီ (ခေါ်) သိုက်စိုးအောင် (ခ) ဖိုးသိုက် ဆိုသူ ဖြစ်ပါတယ်။ 

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့တော့ မာဝီ ဟာ ခိုင်းလို့ကောင်းတဲ့ ခိုင်းနွားတစ်ကောင် ဖြစ်လို့ ပြည်ဖျက်မီဒီယာတွေကနေ မကြာခဏ အင်တာဗျူးတွေလုပ်ပြီး အကြမ်းဖက်သမား မာဝီ ကို အရောင်တင်ပေးနေကြတာကိုလည်း သတိပြုမိကြပါလိမ့်မယ်။

တကယ်တော့ မာဝီ ဆိုတဲ့ လူ့ငနွားဟာ ယောင်ခြောက်ဆယ် အလုပ်မရှိ အကိုင်မရှိ အရက်လေးတမြမြနဲ့ နေရာက ကယန်းလက်နက်ကိုင်များရဲ့ မြှောက်ပေးမှုကြောင့် ထင်ပေါ်တဲ့ အကြမ်းဖက်သမား ဖြစ်လာသူပါ။ အခုတော့ လက်မရွံ့ လူသတ်သမား၊ လူသိများတဲ့ အကြမ်းဖက်သမား ဖြစ်လာပါပြီ။

အကြမ်းဖက်သမား မာဝီ ရဲ့ မိခင်(အင်းသူ) ၊ဖခင် (ဗမာ )(သေဆုံး)၊ ဖယ်ခုံ-မိုးဗြဲကြား ခေါင်မိုင်းရွာသား တစ်ဦးဖြစ်ပြီး (ခေါင်မိုင်းရွာတွင် ခြံတစ်ကွက်နှင့်တဲတစ်လုံးကျန်ခဲ့)၊ အကြမ်းဖက်သမား မာဝီရဲ့ မိခင်ဖြစ်သူ နောင်ယား(ခ)ရပ်ကွက်တွင်စစ်‌ရှောင်တစ်ဦးအဖြစ် နေထိုင်သည်ဟုသိရပါတယ်။

ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုနဲ့ ဆန္ဒပြပွဲများမှာ ဝေလေလေ ပါဝင်ခဲ့ပြီး အလုပ်အကိုင်အတည်တကျမရှိသောကြောင့် အကြမ်းဖက်သင်တန်းတက်ပြီး KNDFအကြမ်းဖက်အဖွဲ့ထဲ ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အလုပ်မရှိ အကိုင်မရှိ အရက်သမားက KNDF စစ်ဦးချုပ်ဖြစ်လာခဲ့တယ်ဆိုတော့ စဉ်းစားသာ ကြည့်ပေတော့ -

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့တော့ ဒီလို ဝေလေလေ လူ့ငနွားတွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်လို့ ရနေတာဖြစ်ပါတယ်။


Myanmar National Post

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)