အနောက်ငါးဆူကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးခြင်းကြောင့် ကျေးရွာလူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အနောက်ငါးဆူကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးခြင်းကြောင့် ကျေးရွာလူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်

MNP ၊ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ အနောက်ငါးဆူကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခြင်းကြောင့်  ကျေးရွာလူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ အနောက်ငါးဆူကျေးရွာတွင် နေထိုင်ကြသော ပြည်သူအများစုသည် ယာမြေများကို အဓိကပိုင်ဆိုင်ကြပြီး ကျေးရွာအနီးရှိစမုံမြစ်ရေနှင့် မြေအောက်ရေများကို  အဓိကထားပြီး စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ကြကြောင်း၊ ဒေသထွက်ကုန်များသယ်ယူရာတွင် ကျေးရာတွင်းလမ်းများသည် မြေသားလမ်းများဖြစ်ပြီး မိုးရာသီတွင် သွားလာရေးခက်မှုများ ကြုံတွေ့ရသောကြောင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရေးဆွဲပြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာပြည်သူများ၏ လုပ်အားများ ပူးပေါင်းကာ သွားလာရေးအဆင်ပြေစေရေး ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီမဝင် တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။

ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခြင်းခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူများ၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည့်အပြင် လူသုံးကုန်ပစ္စည်းများ သယ်ယူရောင်းဝယ်ရာတွင် များစွာအဆင်ပြေလျက်ရှိပြီး ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများလည်း တိုးတက်ဖွံ့ဖြိုးလာကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)