အကြမ်းဖက်အားပေး ဝန်ထမ်းများ ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အားပေး ဝန်ထမ်းများ ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းပေး





ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးက လူယုတ်မာ (၃)ဦးကို ဖော်ထုတ်ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းတွေ့လိုက်ရတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌန ဝန်ထမ်းတွေ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ လှုပ်ရှားဆောင်ရွက်မှုသတင်းတွေကို အကြမ်းဖက်အဖွဲ့များထံ ပေးပို့နေတဲ့ ထွေအုပ် ဒုဦးစီး အောင်ကိုကို နှင့် အပေါင်းအပါ ၂ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူမယ်လို့ သတင်းများမှာ တွေ့မြင်ရပါတယ်။

နိုင်ငံတော်အစိုးရအကြီးအကဲများက သဘောကောင်းတယ်။ CDM ဝန်ထမ်းတွေဆိုရင်လည်း မူလတာဝန်များ ပြန်လည်ထမ်းဆောင်နိုင်စေဖို့ ဖိတ်ခေါ်တယ်။ PDF အကြမ်းဖက်အဖွဲ့ထဲ ရောက်သွားသူတွေဆိုရင်လည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်တယ်။ 

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ နိုင်ငံရေးမှိုင်းမိနေသူတွေကတော့ အင်မတန်ကြောက်ဖို့ကောင်းတယ်ဆိုတာ အခုလို ဖော်ထုတ်ဖမ်းဆီးလိုက်ရတဲ့ ဖြစ်စဉ်တွေက သက်သေခံနေပါတယ်။ 

နိုင်ငံတော်အကြီးအကဲများအနေနဲ့ နိုင်ငံ့ဝန်ထမ်းများအပေါ်မှာ အခွင့်အရေးပေးတာ၊ နိုင်ငံသားများအပေါ်မှာ ညှာတာထောက်ထားတာ အကြီးအကဲပီသတဲ့ လုပ်ရပ်ဖြစ်သော်လည်း ပြည်သူ့ဘဏ္ဍာစားပြီး ပြည်ဖျက်မိစ္ဆာတွေရဲ့ နွားဖြစ်နေရင်တော့ ညှာတာထောက်ထား စာနာဖို့ မသင့်ဘူးဆိုတာကို တင်ပြလိုပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေတာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ အကြမ်းဖက်သမားများကြောင့်သာ မဟုတ်ဘူး။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ ကာလမှာ တပ်မတော်ကို ခုတုံးလုပ်၊ တပ်မတော်နဲ့ ပြည်သူကို ရန်တိုက်ပြီး ကိုယ်ကျိုးရှာလိုတဲ့ ဝန်ထမ်းဆိုးတွေလည်း များစွာ ရှိတယ်။ 

သံဖြူဇရပ်မြို့နယ်မှာ ဖော်ထုတ်ဖမ်းဆီးလိုက်ရတဲ့ ထွေအုပ် ဒုဦးစီးမှူး အောင်ကို ပါ ၂ ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းများကို အကြမ်းဖက်အဖွဲ့များထံ အချိန်နှင့် တပြေးညီ ပေးပို့ခြင်း၊ ထောက်ပို့လုပ်ဆောင်ခြင်းများ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ထိုနည်းတူစွာပဲ အကြမ်းဖက်မှုတွေ ထူပြောနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလို နေရာမျိုးမှာလည်း အချို့သော ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်က ဒုဦးစီးမှူး အောင်ကို ကဲ့သို့ပင် အကြမ်းဖက်သတင်းပေး၊ အကြမ်းသမားပေးတဲ့ လစဉ်ကြေးယူပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ နယ်မြေရှင်းလင်းရေးလှုပ်ရှားမှု သတင်းများကို အကြမ်းဖက်အဖွဲ့များထံ အချိန်နဲ့တပြေးညီ သတင်းပေးနေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မထိခိုက်သင့်ဘဲ ထိခိုက်ဒဏ်ရာရ ကျဆုံးခဲ့ရတာတွေကို ပြန်လည်သုံးသပ်ပြီး အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးပါလို့ တောင်းဆိုပါရစေ။ 

နိုင်ငံတော်အကြီးအကဲများက သဘောကောင်းတာကို အပြစ်မတင်လိုပါဘူး။ နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်တွေဖြစ်တဲ့ ပြည်သူလူထုပူးပေါင်းပါဝင်သော အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး ဘာကြောင့်မအောင်မြင်ရသလဲ ဆိုရင် အထက်ပါ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ထွေအုပ်ဝန်ထမ်းများကဲ့သို့ အကြမ်းဖက်အားပေး လုပ်ဆောင်နေသူများက တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်သူများကို ရန်သူလို သဘောထားနေခြင်းကြောင့် ဖြစ်ပါကြောင်း -

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)