MNP ၊ ဒီဇင်ဘာလ ၂၀
ရခိုင်ပြည်နယ်၊ ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်အပူဒဏ်မှကာကွယ်ရေး အသိပညာပေး(Talk Show)ကို ယမန်နေ့ ညနေပိုင်းက Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက အပူဒဏ်မှကာကွယ်ရေးနှင့် ပတ်သက်၍ အပူရှိန်ပြင်းထန်လှသည့် နွေရာသီတွင် ဂရုပြုလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို မေးမြန်းဆွေးနွေးခဲ့ရာ လုပ်သားရုပ်/သံ ဒေါ်ခင်မို့မို့ကျော်က နွေရာသီတွင် ပူပြင်းလွန်းသည်နှင့်အမျှ ရေအရင်းအမြစ် ဆုံးရှုံးမှုများလာပြီး အပူချိန်မြင့်မားသည့် ဒေသများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အပူချိန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်နေသည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင် ကာကွယ်ထားကြရန် လိုကြောင်း၊ နေပူပြင်းတဲ့ နံနက်၁၀နာရီမှ ညနေ ၄ နာရီအထိ လွင်တီးခေါင်ပြင်၊ ရေချိုးဆိပ်၊ ကမ်းခြေများတွင် ရေကူးခြင်း၊ ရေကစားခြင်းများကို ရှောင်ကြဉ်သင့်ကြောင်းစသည့် အပူဒဏ်မှကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ဂွမြို့နယ်အနေဖြင့် လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများနှင့် ပြည်သူများအတွက်ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လစဉ် Talk Showများကို Onlineမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment