စလင်းမြို့နယ်တွင် ထင်းအစား အခြားလောင်စာသုံးစွဲရေး အသိပညာပေး ဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖို(၆၀)လုံးအား အခမဲ့ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင် ထင်းအစား အခြားလောင်စာသုံးစွဲရေး အသိပညာပေး ဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖို(၆၀)လုံးအား အခမဲ့ဖြန့်ဝေ

MNP ၊ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် အေဝမ်းမီးဖို အလုံး(၆၀) အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ငှက်ပျောအိုင်ကျေးရွာအုပ်စုရှိ သဲပို့၊ ကြူဝန်းကျေးရွာများသို့ ဖြန့်ဝေပေးခြင်းများကို ကျေးရွာများရှိ ဓမ္မာရုံများ၌ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ အေဝမ်းမီးဖိုများ ဖြန့်ဝေဆောင်ရွက်ရာတွင် စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညွန့်ရွှေက ကျေးလက်နေပြည်သူများအနေဖြင့် ထင်းအစား အခြား လောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် သဘာဝသစ်တောများ ထိခိုက် ပျက်စီးမှု လျော့နည်းသက်သာစေရန် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အသိပညာ ပေးဟောပြောပွဲများ ပြုလုပ်၍ ကျေးလက်ဒေသရှိပြည်သူများကို  စွမ်းအားမြှင့်အေဝမ်းမီးဖိုများကို ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် အေဝမ်းမီးဖိုများကို သုံးစွဲခြင်းမှရရှိစေမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး စွမ်းအားမြှင့် အေဝမ်းမီးဖိုသုံးစွဲမှုများမှ အသိပညာပေး လက်ကမ်းစာစောင်များကို ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညွန့်ရွှေနှင့် ဝန်ထမ်းများက ငှက်ပျောအိုင်ကျေးရွာအုပ်စု အတွင်းရှိ ငှက်ပျောအိုင်၊ သဲပို့၊ ကြူဝန်းကျေးရွာများ အတွက် တစ်ရွာလျှင် စွမ်းအားမြှင့်မီးဖို အလုံး(၂၀)နှုန်းဖြင့် စုစုပေါင်း မီးဖိုအလုံး(၆၀)ကို မဲဖောက် ၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


(မောင်လွင်)စလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)