MNP ၊ ဒီဇင်ဘာ ၁၁
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော် ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင် ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ပဲထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများ နှင့် ပြည်သူများက ရေးသားပေးပို့သည့် “နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားပဲ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ တိုက်ပွဲတိုင်းအောင်မြင်ပါစေ၊ ရေလိုအေးပြီး ပန်းလိုမွှေးပါစေ၊ တရားသောစစ် အောင်မြင်ပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများ ပါရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment