လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃ )ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃ )ကျင်းပ


MNP ၊ ဒီဇင်ဘာ ၁၅

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်‌ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယစာရင်းစစ်ချုပ်၊ ကောင်စီဝင်များ၊ အထူးဖိတ်ကြားထားသူများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်‌ရောက်ကြသည်။

အစည်းအဝေးတွင် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်‌ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ်က လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်စေရေးအတွက် ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးတွင် ဥပဒေအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျပြီး အရေးပါသည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ (Insolvency Practitioner-IP) ၏ အတွေ့အကြုံကာလနှင့် လိုက်နာရမည့်ကျင့်ဝတ်သတ်မှတ်မှုများ၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးအတွက် လုပ်ထုံးလုပ်နည်းများ (SOP) ထုတ်ပြန်နိုင်ရေးနှင့် ဥပဒေ၊ နည်းဥပဒေများအရ ပုံစံ သို့မဟုတ် စာရွက်စာတမ်းတင်ပြရန် အခကြေးငွေသတ်မှတ်မှုအတွက် အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ သို့မှသာ IP များအနေဖြင့် ဥပဒေပါ ရာထူးတာဝန်များကို အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးလုပ်ငန်းကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

သို့ပါ၍ ကောင်စီဝင်များအနေဖြင့် မိမိတို့၏အတွေ့အကြုံ၊ အကြံပြုချက်များဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခြင်းဖြင့် ဥပဒေ၏ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်စေရေး၊ ဥပဒေ၊ နည်းဥပဒေ သိရှိလိုက်နာမှုအားကောင်းစေရေး၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းလိုက်နာမှုမြင့်မားစေရေးတို့အတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကောင်စီဝင်များနှင့် တက်ရောက်လာသူများက ယခင်အစည်းဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအတွက် လုပ်ငန်းအတွေ့အကြုံကာလနှင့် ကျင့်ဝတ်ဆိုင်ရာသတ်မှတ်မှုများ၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (SOP)နှင့်  မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းအတွက် ပုံစံနှင့် အခကြေးငွေသတ်မှတ်မှုအတွက် အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရေးကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို  ညှိနှိုင်းဆွေးနွေးကြပြီး  လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်‌ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)