ငဖဲမြို့နယ်၌ (၃၆)ကြိမ်မြောက် နာရီ(၁၂၀) အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်၌ (၃၆)ကြိမ်မြောက် နာရီ(၁၂၀) အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

 





MNP ၊ ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ပြည်သူအများဘေးရန်အန္တရာယ် ကင်းဝေးစေရန်အတွက် နှစ်စဉ်ကျင်းပပူဇော်ရွတ်ဖတ်မြဲဖြစ်သော (၃၆)ကြိမ်မြောက် နာရီ ၁၂၀ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မြို့မရပ်ကွက်ဓာတ်တော်ဓမ္မာရုံ၌ ယမန်နေ့ ညနေ ၃ နာရီက စတင်ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓာတ်တော်ဓမ္မာရုံဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်များမှ ဝတ်အသင်းယောဂီများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ငဖဲမြို့သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့တော်ဦးဘုန်းတော်ကြီးကျောင်းဆရာတော် ဘန္တဒ္ဒကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့ပေါ်ရပ်ကွက်များမှ ဝတ်အသင်းအဖွဲ့များက ပဌာန်းသံဆန်းကဗျာများကို ရွတ်ဖတ်ပူဇော်ကြသည်။ ထို့နောက် မဟာပဌာန်းပူဇော်ပွဲကို ဆက်လက်ကျင်းပရာပဋ္ဌာန်း (၂၄)ပစ္စည်း ပစ္စယုနိဒ္ဒေသကိုသံဃာတော်များမှ ရွတ်ဖတ်ပူဇော်ကြပြီး ပစ္စယနိဿယနည်းမှစ၍  သံဃာတော် အရှင်သူမြတ်တို့က အလှည့်ကျရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါနာရီ(၁၂၀)အသံမစဲမဟာပဌာန်းပွဲတွင် ရွတ်ဖတ်ပူဇော်ကြသော ဆရာတော်၊ သံဃာတော် (၃၇)ပါးတို့အား အလှူရှင်များက အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲနှင့် လှူဖွယ်ဝထ္ထူငွေများ ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)