‌ေပါင်မြို့နယ်၌မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်သည့် အရေးပေါ်တုံ့ပြန်ရေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

‌ေပါင်မြို့နယ်၌မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်သည့် အရေးပေါ်တုံ့ပြန်ရေးသင်တန်းဖွင့်လှစ်





MNP ၊   ဒီဇင်ဘာ  ၂၇


မွန်ပြည်နယ်၊ပေါင်မြို့နယ်၌မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်သည့် အရေးပေါ်တုံ့ပြန်ရေးသင်တန်းဖွင့်လှစ်ခြင်းကို မုတ္တမကျေးရွာအုပ်စု၊ကျိုက်ဖျင်ဂူစေတီတော်မြတ်ကြီး၌ ပြုလုပ်ခဲ့သည်။

သင်တန်းတွင်အရေးပေါ်  အခြေအနေဖြစ်ခဲ့လျှင်   စုဖွဲ့ပြီးကူညီပေးနိုင်ရေးအတွက်  သွားလာဆောင်ရွက်ခြင်း၊  သက်ဆိုင်ရာ နယ်မြေခံအဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်၍ ခွင့်ပြုချက်တောင်းခံခြင်း၊မြေပြင်အချက်အလက်များအားစာရင်းကောက်ယူခြင်း၊ထောက်ပံ့ကူညီပေးနိုင်ခြင်းအတွက်ဆောင်ရွက်ခြင်း၊  စသည့်ရည်ရွယ်ချက်များဖြင့်  သင်တန်းအား စာတွေ့၊လက်တွေ့ဖြင့်သင်ကြားပြသပေးခဲ့သည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊မွန်ပြည်နယ်ကြက်ခြေနီအသင်း ဥက္ကဌ၊ပေါင်မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဥက္ကဌနှင့်တပ်ဖွဲ့ဝင်များ၊မော်လမြိုင်၊မုဒုံနှင့်ချောင်းဆုံမြို့နယ်တို့ရှိသင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)