ပန်းဘဲတန်းမြို့နယ် အစ္စလာမ်ဘာသာရေးကျောင်းတွင် ကျောင်းအုပ်နှင့် ဆရာတစ်ဦးမှ သက်ငယ်မုဒိန်း ကျူးလွန်ခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်လာပြီး အရေးယူဆောင်ရွက်ရန် ပြင်ဆင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းဘဲတန်းမြို့နယ် အစ္စလာမ်ဘာသာရေးကျောင်းတွင် ကျောင်းအုပ်နှင့် ဆရာတစ်ဦးမှ သက်ငယ်မုဒိန်း ကျူးလွန်ခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်လာပြီး အရေးယူဆောင်ရွက်ရန် ပြင်ဆင်



MNP ၊ ဒီဇင်ဘာ ၁၅

ပန်းဘဲတန်းမြို့နယ်၊ ၂၆လမ်းရှိ အစ္စလာမ်ဘာသာရေးကျောင်းတွင် ကျောင်းအုပ် ဟာဖိဇ်မူဆာနှင့် ကျောင်းဆရာ အဗ္ဗဒုလ်ရရှီးဒ် တို့သည် ကျောင်းသားကလေးငယ်များကို ကျောင်းတွင် လိင်အကြမ်းဖက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အာသာဖြေခြင်း ကိစ္စရပ်များ ပြုလုပ်ခဲ့ကြောင်း ၁၂-၁၂-၂၀၂၃ ရက်နေ့က ခံဝန်ရေးထိုးပြီး ကျောင်းမှ ထုတ်ပယ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး ကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်သူများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဝေဖန်ပြောဆိုမှုများ မြင့်တက်လာခဲ့ပြီးနောက် လိင်အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့သည့် ၂၆လမ်း မဒရ်ဆာနှင့်ပတ်သက်ပြီး ဂေါပကအဖွဲ့မှ ကြေငြာချက်ထုတ်ပြန်ထားရာတွင် -

(၁) ၂၆လမ်း မဒရ်ဆာနှင့်ပတ်သက်ပြီး ကျောင်းအုပ် ဟာဖိဇ်မူဆာနှင့် ကျောင်းဆရာအဗ္ဗဒုလ်ရရှီးဒ်တို့၏ကလေးငယ်များနှင့်ပတ်သက်ပြီး မဖွယ်မရာပြုလုပ်ခြင်းမှာ မှန်ကန်ပါကြောင်း၊ (၂) ၎င်းကိစ္စနှင့်ပတ်သက်၍ ကာယကံရှင်ကလေးမိဘများနှင့် ဂေါပကအဖွဲ့နှင့်တွေ့ဆုံပြီးကာကယံရှင်မိဘများ၏ တောင်းဆိုချက်များကို ဂေါပကအဖွဲ့မှကာယကံရှင် မိဘများ၏ တောင်းဆိုချက်အတိုင်း ဆောင်ရွက်ခြင်း၊ ရဲစခန်း၌ အမှုဖွင့်အရေးယူရန် ဂေါပကအဖွဲ့မှကာယကံရှင် ကလေးမိဘများကို ပြောပြခဲ့ပြီး လိုအပ်သည့် အကူအညီများကို ဂေါပကအဖွဲ့မှ အပြည့်အဝ လုပ်ပေးရန် တိုက်တွန်းခဲ့ပါကြောင်း၊ (၃) မိမိတို့ဂေါပက အဖွဲ့သည် ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများဘက်အပြည့်အဝရပ်တည်ပြီး အပြစ်ရှိသူကို ပြင်းပြင်းထန်ထန် အရေးယူရန် အဆင်သင့်ရှိပါကြောင်း၊ (ကာယကံရှင်ကျောင်းသားမိဘပါက အမှုဖွင့်လို့ရသည် သို့မဟုတ်က သက်သေမရှိသဖြင့် အမှု မမြောက်ပါ ။ သို့ပါ၍ ကျောင်းသားမိဘများမှ ရဲဝင့်စွာ တိုင်ကြားရန် အကြံပေးပါသည်။ မိမိတို့၏ အရှက်သိက္ခာကို ရဲစခန်းမှာ ဖော်ပြမည် မဟုတ်ပါ၊ ဂေါပကအဖွဲ့မှလည်း ကျောင်းသားမိဘများနှင့် တသားတည်း ရှိကြပါသည်။) ဟု ရေးသားထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါကျောင်း၏ ဥက္ကဋ္ဌ ဖြစ်သူက မသမာသူ မုနာဖိက် အချို့သည် မဆီမဆိုင်ဘဲ ပတ်သက်မှူ မရှိသူ ဂေါပက မိသားစု၊ သားသမီးများ၊ ဂေါပကမှ လက်ရှိမရှိသူနှင့် ကျွန်တော့်မိသားစုများကို စော်ကားနေကြောင်း၊ ထိုကဲ့သို့ အကောင့်အတုများကိုလည်း ကျွန်တော်တို့ သိရှိပါကြောင်း၊ ဂေါပကအဖွဲ့သည် ယခုဖြစ်ပေါ်သည့်ကိစ္စကို ၈.၁၂.၂၀၂၃ နေ့ မနက်ပိုင်းတွင် စတင်သိခဲ့ရပြီး ထိုနေ့တွင်ပင် ချက်ချင်းလုပ်သင့်တာ လုပ်ပြီး ကျောင်းသားမိဘများကို တွေ့ဆုံခြင်း အရေးယူဆောင်ရွက်ရန် ပြုလုပ်ပြီး ယခုလည်း ရှေ့နေနှင့်တိုင်ပင်၍ မကြာမီ အမှန်တရားကို ထုတ်ဖော်ပြီး အပြစ်ပေးထိုက်သူကို တရားဥပဒေအရ အရေးယူမည်ကိုလည်း သိစေရန် နှင့် Facebook ပေါ်တွင် မပတ်သက်သူများကို စော်ကားခြင်းအတွက်ကိုလည်း ဥပဒေအရ အရေးယူမည်ကို ကြိုတင်၍ အမှန်တရားဘက်မှ ရပ်တည်သူများကို လေးစားစွာ အကြောင်းကြားပါသည် ဟု Shamim Bawa လက်ရှိ ဥက္ကဌ က ရေးသားဖော်ပြထားသည်။

အဆိုပါ ကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦး က (Smile Ma Ma) facebook account မှ "ခြေမ မကောင်းတာနဲ့ ခြေတချောင်းလုံးဖြတ်ပြစ်စရာ မလို သလို ခြေမကိုတော့ နောက်တချောင်းဆီမကူးအောင် အရင်းကဖြတ်ပြစ်ရပါလိမ့်မယ်။ စစ်မှန်တဲ့အာလင်မ် တွေရဲ့ စစ်မှန်တဲ့သက္ကဝါ ပိုင်ရှင်အာလင်မ်တွေ ကိုတော့ အတူတူပါလို့ ဝလုံးချေးသုပ် မရန်ကြပါနဲ့ ယုတ်မာတတ်တဲ့ ဗီဇ ပါလာရင် ဘယ်လိုတွေ ပညာတတ် ပါစေ တခြားသူကို အလင်းရောင်ပေးပါစေ ဗီဇရဲ့ စေခိုင်းမှုက လုပ်ဖို့အောင်မြင်အောင်ခိုင်းမှာဘဲ ဘယ်လိုအခြေနေမျိုးမှာမဆို လုပ်ကို လုပ်နေမှာဘဲ လူမျိုးတုန်းတာထက် လုပ်တဲ့သူ ကိုသာ ကိစ္စတုန်း ပြစ်လိုက်ရမှာ ဒါကလဲ စစ်မှန်မှုနဲ့ သက္ကဝါရှိတဲ့အာလင်မ် တွေ ရှိတယ်ဆိုတာ ခြားနားပီးသိနိုင်မယ် သင်ထားတဲ့ အေလင်မ် ကို အပြစ်မမြင်နဲ့ သူ့ရဲ့ဗီဇကို အပြီးပိုင် သတ်ပြစ်ရမှာ  ဒါ တရားဥပဒေဘဲ  အမှန်တရားကိုမြင်တတ်ပါစေ" ဟု ရေးသားပြောဆိုထားသည်။

၂၆လမ်း အစ္စလာမ်ဘာသာရေးကျောင်း ၏ ဥက္ကဋ္ဌ Shamim Bawa က "အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦး လာရောက်ရာ ပန်းဘဲတန်းမြို့နယ် မဝတ မှ တဆင့် အမှုဖွင့်ရန် စီဉ်နေပါသည်။ ဂေါပကအဖွဲ့နဲ့အတူ ကူညီဝန်ရံသူ၁၀ဦးကိုလဲကျေးဇူးတင်ပါသည်" ဟု ယမန်နေ့ ညနေပိုင်းက သူ၏ လူမှုကွန်ရက်မှ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)