MNP ၊ဒီဇင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူပေါင်းဖွင့်လှစ်သည့် အခြေခံစာတတ်မြောက်ရေးသင်တန်းကို ယမန်နေ့ညနေပိုင်းက အောင်ဇမ္ဗူရပ်ကွက်ရှိ မဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က အခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးသင်တန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့အထိ အောင်ဇမ္ဗူရပ်ကွက်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၁၆ ဦးအား နေ့စဉ် ညနေ ၆ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး ဇမ္ဗူသီရိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က သင်တန်းသား၊ သင်တန်းသူများအား အင်္ကျီ၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်နှင့် လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment