အကယ်ဒမီ မေသဉ္ဇာဦး ၏ သား တာမွေမြို့နယ်အတွင်း ယာဉ်တိမ်းမှောက်ပြီး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကယ်ဒမီ မေသဉ္ဇာဦး ၏ သား တာမွေမြို့နယ်အတွင်း ယာဉ်တိမ်းမှောက်ပြီး သေဆုံး


MNP ၊ ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းတွင် ဒီဇင်ဘာလ ၂၅ ရက်ည ၁၀ နာရီ ၃၀ မိနစ်အချိန်၌ မော်တော်ယာဉ် တစ်စီးသည် လမ်းလယ်ဓါတ်တိုင် အားဝင်တိုက်ပြီး ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။

MDY 15 9R/3105 KIA Carnvial ကားသည် ကျောက်မြောင်းမီးသတ်အရှေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်မိသဖြင့် ယာဉ်မောင်း ကိုမင်းသန်းကျော် (၂၇ နှစ်) တွင် ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာများရပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ်သေဆုံးသွားခဲ့ခြစ်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ကိုမင်းသန်းကျော် သည် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မေသဉ္ဇာဦး၏ သားကြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)