MNP ၊ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်တွင် လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် ရရှိလာသော ဗဟုသုတများကို လူငယ်အချင်းချင်း ဖလှယ်တတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်အတွက် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ခရိုင်ပြည်သူ့ စာကြည့်တိုက်၌ စာချစ်သူများ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ယနေ့ခေတ်မျိုးဆက်သစ် လူငယ်ကလေးများ ဗဟုသုတကြွယ်ဝနေဖို့လိုအပ်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိတို့၏အတွေးအမြင်၊ အတွေးအခေါ်များ မှန်ကန်လာပြီး လူ့ပတ် ဝန်းကျင်တွင်လည်း လိမ္မာယဉ်ကျေးသော သားကောင်းသမီးကောင်းလေးများ ဖြစ်လာသည့်အတွက် လူ့ပတ်ဝန်းကျင်၏ လေးစားအတုယူ ရသူများဖြစ်လာနိုင်ကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေးပြီး မိမိဖတ်ရှုခဲ့သည့် စာအုပ်စာစောင်များစွာထဲမှ စာရေးဆရာ မောင်ဆန္ဒ ရေးသားသည့် ချစ်လျှင်ပျားသကာ မုန်းလျှင်ခါးတမာစာအုပ်ထဲမှ လျှပ်လော်လီသောမျက်လေးဖိုးဆော့ ခေါင်းစဉ်ပါအကြောင်းအရာများကို မောင်ယွမ်က အကျယ်တဝင့်ဆွေးနွေးခဲ့သည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်သူ စာချစ်သူများက မိမိတို့ဖတ်မှတ်ထားသော ဗဟုသုတများကိုလည်း ပြန်လည်မျှဝေဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
အေးခိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment