ပိုးသတ်ဆေးများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် မညီညွတ်ပါက မှတ်ပုံတင်ခွင့်ပေးမည်မဟုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုးသတ်ဆေးများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် မညီညွတ်ပါက မှတ်ပုံတင်ခွင့်ပေးမည်မဟုတ်



MNP ၊ ဒီဇင်ဘာ ၂၉

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၁) ကြိမ်မြောက် အစည်းအဝေးကို (၂၇-၁၂-၂၀၂၃) ရက်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌက ပိုးသတ်ဆေးများကို မဆင်မခြင် သုံးစွဲလာခြင်းကြောင့် ပိုးမွှားမဟုတ်သော ပိုးကောင်များ ထိခိုက်သေကျေစေခြင်း၊ ဖျက်ပိုးများကို ကာကွယ်သော မိတ်ဆွေပိုးများ၊ ငှက်များ၊ ငါးများနှင့် နို့တိုက်သတ္တဝါများ သေကျေ၍ ကွင်းဆက်များ ပျက်စီးခြင်း၊ ရေနှင့်သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ မြေဆီလွှာအတွင်းရှိ တီကောင် အပါအဝင် ဇီဝမျိုးစုံနှင့် မြေဆီလွှာအာဟာရများပျက်စီးကာ မြေဆီလွှာကျန်းမာရေးကို ထိခိုက်စေပါကြောင်း၊ ပိုးသတ်ဆေးများ ကြိမ်ဖန်များစွာ ပက်ဖျန်းခြင်းကြောင့် ဖျက်ပိုးများက ပိုးသတ်ဆေးကို ခံနိုင်စွမ်းရည်ရှိလာကြ၍ နှိမ်နင်းရန် ခက်ခဲကြောင်း၊ ထို့ကြောင့် ပိုးသတ်ဆေးများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် မညီညွတ်ပါက မှတ်ပုံတင်ခွင့်ပေးမည်မဟုတ်ကြောင်း။


ထို့ကြောင့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာ အထောက်အကူရရှိရန် ကျွမ်းကျင်ပညာရှင်များ ပါဝင်သော နည်းပညာကော်မတီသို့ လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုတင်ပြခြင်း၊ စိစစ်သုံးသပ်အကြံပြုခြင်း၊ အရည် အသွေးစစ်ဆေးခြင်း၊ သီးနှံဖျက်ပိုးအပေါ် ထိရောက်စေနိုင်မှု (Efficacy) လူနှင့် အခြားအကျိုးပြုသတ္တဝါများအပေါ် အဆိပ်သင့်နိုင်မှု (Toxicity) များကို စိစစ်သုံးသပ် အကြံပြုခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပိုးသတ်ဆေးဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိသူများ၊ ဖောက်ဖျက်ကျူးလွန်သူများ လျော့နည်းပပျောက်သွားသည်အထိ ပိုးသတ် ဆေးဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ပိုးသတ်ဆေးနည်းပညာ ကော်မတီ ဝင်များ စိစစ်တင်ပြလာသော ပိုးသတ်ဆေးအမျိုးပေါင်း ၁၀၉ မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)