MNP ၊ ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ခရိုင် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီဥက္ကဌ) ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်/ကော်ပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီဥက္ကဌ) ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်/ကော်ပါဌာနဆိုင်ရာအကြီးအကဲများ၊က ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃- ၂၀၂၄ခုဘဏ္ဍာရေးနှစ်၊ " မြင့်မိုရ်ထိပ်ထား"ကုမ္ပဏီမှအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နွားမယံကျေးရွာအုပ်စု ၊ လေးကျွန်းဆီမီးကျေးရွာရှိ ၄ " တွင်းနက်စက်ရေတွင်း တူးဖော်မှု ( ၁၀၀) ရာခိုင်နှုန်းလုပ်ငန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃- ၂၀၂၄ခုဘဏ္ဍာရေးနှစ် " ဇင်ယော်ဧရာ"ကုမ္ပဏီမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆင်သေကျေးရွာအုပ်စု၊ကုန်ထုတ်လမ်းဆောင်ရွက်မှု( ၉၀) ရာခိုင်နှုန်းလုပ်ငန်းပြီစီးမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သော၂၀၂၃- ၂၀၂၄ခုဘဏ္ဍာရေးနှစ် ညောင်စာရေး- စိန်ကလေးလမ်း ( ၅၂၈၀"x ၈၀"x ၁၈"x ၁၄")မြေသားတာဘောင်ချဲ့ခြင်းနှင့်ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားကွင်းဆင်းစစ်ဆေးခဲ့ပြီးလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment