MNP ၊ ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အထက ရွှေတောင် ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းကရွှေတောင်မြို့ အခြေခံပညာ အထက်တန်း ကျောင်းကြီးမှ အငြိမ်းစားယူသွားခဲ့ကြသော ဆရာကြီး ၊ဆရာမကြီးများအား (၃၂) ကြိမ်မြောက် အာစရိယပူဇော်ကန်တော့ပွဲကျင်းပခဲ့သည်။
အဆိုပါ အထက ရွှေတောင် ( ၃၂) ကြိမ်မြောက် အာစရိယပူဇော်ကန်တော့ပွဲတွင် ကန်တော့ခံ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာကြီး ( ၃၉)ဦး ၊ ဆရာမကြီး ( ၁၁၉) ဦး ၊စုစုပေါင်း ( ၁၅၈) ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြပြီး တစ်ဦးလျှင် ပူဇော်ကန်တော့ ငွေ ( ၆၅၀၀၀/-) ကျပ်ပူဇော်ကန်တော့ခဲ့ကြသည်။ပူဇော်ကန်တော့အပြီးတွင် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာကြီး ၊ဆရာမကြီးများ၏ ကိုယ်စား ဆရာကြီး ဦးစိုးထွေးနှင့် ဆရာမကြီး ဒေါ်ခင်သန်းဆွေတို့မှ ဆုမွန်ကောင်း ပေးခြင်းနှင့်ဂုဏ်ပြုစကားပြောကြားခဲ့ကြသည်။
ထို့နောက် ဦးမိုးလေး+ ဒေါ်ခင်ဆွေဝင်း ( သား) မောင်ဟန်မင်းလူ မိသားစုတို့က နှစ်စဉ်နှစ်တိုင်း နေ့လယ်စာ ဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment