ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံ ၇၇၃၅ ဧကစိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံ ၇၇၃၅ ဧကစိုက်ပျိုးပြီးစီး


MNP ၊ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူသီးနှံဝင်ငွေတိုးပွားစေရန်အတွက် ထောပတ်ပဲသီးနှံ ၇၇၃၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ထောပတ်ပဲသီးနှံဧက ၇၇၃၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် အောက်တိုဘာလဆန်းပိုင်းက စတင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့ကြပြီး ယနေ့အထိ ၇၇၃၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။  

“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်မှာ ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ထောပတ်ပဲသီးနှံဧက ၇၇၃၂ ဧက လျာထားစိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒေသခံတောင်သူများရဲ့ ကြိုးပမ်းစိုက်ပျိုးခဲ့မှုကြောင့် ယနေ့အထိ ထောပတ်ပဲသီးနှံ ၇၇၃၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ သတ်မှတ်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒီဒေသမှာ စိုက်ပျိုးရေလဲ အဆင်ပြေတော့ ထောပတ်ပဲသီးနှံက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းတဲ့အပြင် ဈေးကောင်းလဲ ရရှိတာကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ အားထားစိုက်ပျိုးကြပါတယ်။ ဆောင်းသီးနှံတွေ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတွေကို သီးနှံအထွက်နှုန်းတိုးပွားဖို့နဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ဖို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသလို လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေကိုလဲ ကူညီဆောင်ရွက်ပေးထားပါတယ်။ ဒါ့အပြင် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် သဘာဝပိုးသတ်ဆေး ထုတ်လုပ်အသုံးပြုခြင်း၊ အချိန်မီရိတ်သိမ်းခြင်းစတဲ့ နည်းစနစ်များကိုလည်း အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ထားပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောကြားသည်။  

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက ထောပတ်ပဲသီးနှံကို လျာထားဧကပြည့်မီရေးအတွက် သီးသန့်စိုက်ပျိုးကြသလို အချို့တောင်သူများက သီးနှံအပိုဝင်ငွေ ရရှိစေရန် သီးညှပ်အဖြစ် ဖူးစားပြောင်းသီးနှံများနှင့် ရောနှောစိုက်ပျိုးကြကြောင်း သိရပြီး ယနေ့အထိ ထောပတ်ပဲသီးနှံ ၇၇၃၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)