ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲပြုလုပ်


MNP ၊ ဒီဇင်ဘာ ၂၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်း နှင့် အလယ်တန်းအဆင့် စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၄ ဦးက “လွတ်လပ်ရေး အဓွန့်ရှည်ဖို့ စုပေါင်းထိန်းသိမ်းကြပါစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၃ ဦးက “ထိန်းသိမ်းမြတ်နိုး လွတ်လပ်ရေးတန်ဖိုး” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး  အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ  ၅ ဦးက “လွတ်လပ်ရေးနေ့အောင်ပွဲ တို့ဆင်နွဲ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၃ ဦးက  “ထိန်းသိမ်းမြတ်နိုး လွတ်လပ်ရေးတန်ဖိုး” ခေါင်း စဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)