MNP ၊ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရ ကျွေးမွေးမှုအား လိုက်လံကြည့်ရှုအားပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရ ကျွေးမွေးမှုအား သွားရောက်ကြည့်ရှုအားပေးရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပင်စင်စားများ ပင်စင်ထုတ်ပေးရာတွင် မြန်ဆန်စေရေး၊ ပင်စင်ထုတ်သူများ မြန်မာ့စီးပွားရေးဘဏ်မှ အာဟာရ ကျွေးမွေးကူညီပေးမှုနှင့် ဆေးခန်းပြသလိုသူ ပင်စင်စားများအား ဆရာဝန်နှင့် ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ဖျာပုံမြို့နယ်အနေဖြင့် အငြိမ်းစား ပင်စင်စား ဉီးရေ (၂၁၈၉)ဉီး ရှိပြီး သက်ကြီး ပင်စင်စားများနှင့် နာမကျန်းသူများအား ဉီးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိပြီး၊ ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများကို (၂၁)ရက်နေ့မှစ၍ နံနက်(၈) နာရီမှ မွန်းလွဲ (၂)နာရီအတွင်း လာရောက်ထုတ်ယူသူအားလုံးကို ထုတ်ပေးလျက်ရှိပြီး လာရောက် မထုတ်ယူနိုင်သူများကို (၂၀၂၄)ခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းတွင် ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် အငြိမ်းစားပင်စင် လစာငွေများကို ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင် တစ်ဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။
အောင်ဝင်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment