ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်စာစီစာကုံး နှင့် ကဗျာ ပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်စာစီစာကုံး နှင့် ကဗျာ ပြိုင်ပွဲပြုလုပ်



MNP ၊   ဒီဇင်ဘာ   ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၉ နာရီအချိန် က အမှတ်(၁) အခြေခံ ပညာ အထက် တန်း ကျောင်းတွင် စာစီစာကုံး နှင့် ကဗျာ ပြိုင်ပွဲများ ကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ် လပ် ရေး နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်း နှင့် အလယ်တန်းအဆင့် စာစီစာကုံး နှင့် ကဗျာ ပြိုင်ပွဲကို ကျင်းပပြု လုပ်ရာ အထက် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်း သား၊ကျောင်းသူ ၄ ဦး က “ လွတ်လပ်ရေး အဓွန့်ရှည်ဖို့ စုပေါင်းထိန်းသိမ်းကြပါစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အထက်တန်း အဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်း သား၊ကျောင်းသူ ၃ ဦး က “ထိန်းသိမ်းမြတ်နိုး လွတ်လပ်ရေးတန်ဖိုး”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး  အလယ်တန်းအဆင့် စာစီ စာ ကုံး ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ  ၅ ဦးက “ လွတ်လပ်ရေးနေ့ အောင်ပွဲ တို့ဆင်နွဲ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အ လယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၃ ဦး က  “ထိန်းသိမ်းမြတ်နိုး လွတ်လပ်ရေးတန်ဖိုး” ခေါင်း စဉ် ဖြင့် ပါဝင် ယှဉ် ပြိုင် ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်(မောင်တော)

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)