မန္တလေးမြို့တွင် ၂၀၂၄ နှစ်သစ်ကြိုဆိုပွဲ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးမြို့တွင် ၂၀၂၄ နှစ်သစ်ကြိုဆိုပွဲ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်



MNP ၊ ဒီဇင်ဘာ ၂၆

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် မန္တလေးမြို့၌ ၂၀၂၄ နှစ်သစ်ကူးကြိုဆိုပွဲ ပျော်ပွဲရွှင်ပွဲများဖြင့် အောင်မြင်စွာကျင်းပရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၄ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ခရစ်နှစ် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ နှစ်သစ်ကူးပြောင်းခြင်းဖြစ်ပြီး နိုင်ငံအသီးသီးတွင် နိုင်ငံသူနိုင်ငံသားများက ညဉ့်နက်သန်းခေါင်းယံအထိ စောင့်ဆိုင်း၍ နှစ်သစ်ကိုကြိုဆိုကြရာ မန္တလေးမြို့တွင်လည်း နှစ်သစ်ကြိုဆိုခြင်းကို ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံကျော်အနုပညာရှင်များ၏ သီဆိုတီးခတ်ဖျော်ဖြေခြင်းများ၊ Countdown ရေတွက်ခြင်းနှင့်အတူ နှစ်သစ်ကူးချိန်တွင် မီးရှူးမီးပန်းများပစ်ဖောက်ခြင်းများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နှစ်သစ်ကူးပွဲတော်နှင့်ပတ်သက်၍ ကဏ္ဍအလိုက် လုပ်ငန်းများ လစ်ဟာမှုမရှိစေရန် စနစ်တကျကြပ်မတ်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)