ရသင့်ရထိုက်သည့် အခွန်ရငွေများ ပြည့်ပြည့်ဝဝကောက်ခံရရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသင့်ရထိုက်သည့် အခွန်ရငွေများ ပြည့်ပြည့်ဝဝကောက်ခံရရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်



MNP ၊ ဒီဇင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာရရှိရေးအတွက် အခွန်စည်းကြပ်မှုလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း၊ ဌာနဆိုင်ရာများနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ရငွေများ ပြည့်ပြည့်ဝဝကောက်ခံရရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံနေသည့် ဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းထားသော အခွန်ဥပဒေများနှင့်အညီ ရသင့်ရထိုက်သော အခွန်ငွေများ ပြည့်ပြည့်ဝဝ ကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ် မြေနေပြည်တော်အတွင်း MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာ ရရှိရေးအတွက် အခွန်စည်းကြပ်မှုလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေး ပြီး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၄/၂၀၂၃) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ပိုမိုခွင့်ပြုနိုင်ခြင်းနှင့် လက်ရှိရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင် ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း၊ ဝင်ငွေတိုးတက်ရရှိခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


မြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာတွင် တင်ပြခဲ့သော ပြည်ပမှဝယ်ယူမည့် စက်ပစ္စည်းများ အနက် စက်ပစ္စည်းအချို့ကို ပြည်တွင်းမှသာ ဝယ်ယူအသုံးပြုခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံမှုထည့်ဝင်မှု ပြောင်းလဲပြင်ဆင်၍ အတည်ပြုမိန့်တွင် မတည်ငွေရင်းပမာဏ ပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့ စေရေးဆိုင်ရာများကိုဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)