ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် အခန်းဆုံးစာမေးပွဲကိုကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် အခန်းဆုံးစာမေးပွဲကိုကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆို






MNP ၊  ဒီဇင်ဘာ ၁၉ 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄  ပညာသင် နှစ်အတွက် (Grade-4) မှ(Grade-12)ထိကျောင်းသား၊ကျောင်းသူများသည် ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီ ကစတင်ကာ သက်ဆိုင်ရာ ကျောင်းများအလိုက် အခန်းဆုံးစာမေးပွဲကို စစ်ဆေးလျက်ရှိရာကျောင်းသား၊ကျောင်းသူများက တည်ငြိမ် အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ နှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာဆရာမများက အနီးကပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ မောင် တော မြို့နယ် အနေဖြင့် အခြေခံပညာကျောင်း ၁၁၉ ကျောင်းရှိပြီး  ၂၀၂၃- ၂၀၂၄  ပညာသင် နှစ်အတွက် (Grade-4) မှ (Grade -12)ထိ စာမေးပွဲကိုစစ်ဆေးလျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်နေ့လျှင် နှစ် ဘာသာနှုန်းဖြင့် ကျောင်း များတွင် အခန်းဆုံးစစ်ဆေးလျက်ရှိပြီး  ကျောင်သား၊ ကျောင်းသူများမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရ သည်။  


သက်လွင်စိုး ၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)