မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ကြီးမှူးကျင်းပသည့် ဥပဒေရေးရာ စာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ကြီးမှူးကျင်းပသည့် ဥပဒေရေးရာ စာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်




MNP ၊ ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ကြီးမှူးကျင်းပသော ဥပဒေရေးရာ စာတမ်းဖတ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရား သူကြီးချုပ်၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရား လွှတ်တော်ရှေ့နေများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူသည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးဦးတည်ချက်၌ “ပြည်သူ လူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝ ရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ဟူသည့် အချက်ကို ဦးတည်ချက် (၉)ရပ်တွင် (၁)ရပ်ထည့်သွင်းချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ တရားဥပဒေ စိုးမိုးရေးသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေး (Rule of Law) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စပ်လျဉ်း၍ တရားဥပဒေ စိုးမိုးရေး (Rule of Law) ဆိုသည်မှာ တရားဥပဒေသည် အထွဋ်အထိပ်ဖြစ်ခြင်း (Supremacy of Law)၊ တန်းတူညီမျှမှုရှိခြင်း (Equality) တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း (Accountability)၊ လုပ်ထုံးလုပ်နည်းညီညွတ်ခြင်းနှင့် ဥပဒေအရ ပွင့်လင်းမြင်သာမှုရှိခြင်း (Procedural and Legal Transparency) စသည်တို့ ပါဝင်ပြီး အများပြည်သူနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သော တရားမျှတမှုရှိသည့် ဥပဒေများ ဖြစ်ထွန်းပေါ်ပေါက်လာရေးနှင့် ယင်းဥပဒေ များကို ပြည်သူအားလုံးက လိုက်နာကျင့်သုံးရေးကိုဆိုကြောင်း၊ ဥပဒေကိုတာဝန်ယူ အကောင် အထည်ဖော်သူများကိုယ်တိုင် ဥပဒေကို လေးစား လိုက်နာပြီး ပြည်သူအားလုံးက ဥပဒေကို လေးစားလိုက်နာကျင့်သုံးစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိ စေရန် ဥပဒေဖောက်ဖျက်ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေနှင့် အညီ မှန်ကန်ဖြောင့်မတ်စွာ အရေးယူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန်မှာ ပြည်သူတစ်ဦးချင်းစီက ပြဋ္ဌာန်းထားသော ဥပဒေများကို သိရှိ လိုက်နာ၍ ဥပဒေပါ အခွင့်အရေးများကို ရရှိစေရန် ဖြစ်သကဲ့သို့ ပြဋ္ဌာန်းထားသော ဥပဒေများကို ကိုင်တွယ်ကျင့်သုံး လျက်ရှိသည့် သက်ဆိုင်ရာ ဌာနများအနေဖြင့်လည်း ဥပဒေကို ပြည်သူများ သိရှိလိုက်နာပြီး ဥပဒေပါ အခွင့်အရေးများကို ရရှိနိုင်စေရန် ဆောင်ရွက်ပေး ရမှာဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူအများ ယုံကြည်ကိုးစားလာပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ စာတမ်းများပြုစုလေ့လာရာတွင်လည်း သက်ဆိုင်ရာဥပဒေများကို သာမက ယခင်ဖြစ်စဉ် ဖြစ်ရပ်များကိုလေ့လာခြင်း၊ တရားရုံးက ဆုံးဖြတ်ခဲ့သည့် စီရင်ချက်များ၊ စီရင်ထုံးများ၊ အမိန့်ညွှန်ကြားချက်များ စသည်တို့ကိုလည်း ပေါင်းစပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်စားရမှာဖြစ်ပါကြောင်း၊ သို့မှသာ စာတမ်းပြုစုသူ၏ အရည်အသွေး တိုးတက်ကောင်းမွန်လာပြီး လုပ်ငန်းများမှာ အမှားအယွင်းနည်းပါး လာမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ကြီးမှူးပြီး ဥပဒေရေးရာ စာတမ်းဖတ်ပွဲကို ကျင်းပပြုလုပ်ခြင်းသည် ကောင်းမွန်သော ရည်ရွယ်ချက်ပင်ဖြစ်ပါကြောင်း၊ မကွေးတိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည့် မှုခင်းများနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ် သည့်အခါမှာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလမှ အောက်တိုဘာလကုန်ထိ ရာဇဝတ်မှု ယခင်လက်ကျန် ၂၃၈၂ မှု၊ အောက်တိုဘာ လအတွင်း လက်ခံရရှိမှု ၉၁၀ မှုပြီးပြတ်သည့် အမှုပေါင်း ၁၀၅၅ မှုရှိပြီး စာရင်းပိတ်လက်ကျန်မှာ ၂၂၃၇ မှုရှိကြောင်း၊ တရားမမှု ယခင်လက်ကျန်မှာ ၂၆၅၇ မှု၊ လက်ခံရရှိမှု ၂၀၂ မှု၊ စစ်ဆေးပြီးပြတ်မှု ၃၃၀ မှုရှိပြီး၊ စာရင်းပိတ်လက်ကျန်မှာ ၂၅၂၉ မှုရှိကြောင်းကို တွေ့ရပါကြောင်း၊ သီးသန့် တရားရုံးဖြင့် စစ်ဆေး လျက်ရှိသော အမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ၁-၁၀-၂၀၂၃ မှ ၃၁-၁၀-၂၀၂၃ ထိ စာရင်းဖွင့် လက်ကျန် ၃၂ မှု၊ လက်ခံ ရရှိမှု ၂၂ မှု၊ စစ်ဆေးပြီးပြတ်မှု ၃၀ မှု၊ စာရင်းပိတ် လက်ကျန် ၃၁ မှု ကျန်ရှိပါကြောင်း၊ အမှုများစစ်ဆေးရာတွင် မှန်မှန်နှင့် မြန်မြန် လုပ်ထုံး လုပ်နည်းနှင့် အညီ သတ်မှတ်ချိန်အတွင်း အမြန်ပြီးပြတ်အောင် ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ မကွေးတိုင်းအတွင်း မှုခင်းဖြစ်ပွားမှုများတွင် လူငယ်များအုပ်စုဖွဲ့ကာ ရန်ပွဲများ ဖြစ်ပွားနေကြောင်းတွေ့ရ၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြစ်မှုကျူးလွန် ခြင်း၏ အကျိုးအပြစ် များကို သိရှိနားလည်စေရန် သက်ဆိုင်ရာ အလယ်တန်း၊ အထက်တန်း ကျောင်းများ၊ တက္ကသိုလ်များတွင် ဥပဒေအသိပညာပေး ဟောပြောပွဲများ ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ ဟောပြောပို့ချပေးရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများ အကျင့်ပျက် ခြစားမှု (Corruption)ကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ကြရန်ဖြစ်ပြီး အကျင့်ပျက်ခြင်းမှာ စာရိတ္တပျက်စီးခြင်းပင်ဖြစ်ကြောင်း၊ အဂတိတရားလေးပါးဖြစ်သည့် ဆန္ဒဂတိ၊ ဒေါသဂတိ၊ ဘယာဂတိ၊ မောဟဂတိတို့ကို ရှောင်ရှားဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ်လာမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဖော်ဆောင်ရာတွင် မကွေးတိုင်းဒေသကြီးအတွင်းမှာရှိကြတဲ့ တရားရုံး၊ ဥပဒေရုံး များ၊ တရားစွဲအဖွဲ့အစည်းများ၊ တရားလွှတ်တော်ရှေ့နေများ၊ အခြားဆက်စပ်အဖွဲ့အစည်းများ စုပေါင်း၍ ညီညီညွတ်ညွတ် ဝိုင်းဝန်းလုပ် ဆောင်ပေးကြဖို့ကိုလည်း တိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက စာတမ်းဖတ်ကြားရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်အလိုက် တင်ပြသည့် ဥပဒေရေးရာ စာတမ်းများတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ တို့က ဆုများကို အသီးသီးချီမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဥပဒေရေးရာစာတမ်းဖတ်ပွဲတွင် ခရိုင်များအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများက စာတမ်းဖတ်ကြားခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်း အစီအစဉ်များ ဆောင်ရွက်ကာ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိက ကျေးဇူးတင်စကားပြောခဲ့ကြောင်း သိရသည်။

မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)