ရှမ်းရွာသစ်မြို့တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေပြီး သီးနှံများအထွက်နှုန်းတိုးတက်စေရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေပြီး သီးနှံများအထွက်နှုန်းတိုးတက်စေရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထား

 



MNP ၊ဒီဇင်ဘာ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေတောင်သူများ သီးနှံများအထွက်နှုန်းတိုးတက်စေရန် ဓာတ်မြေဩဇာများ နှစ်စဉ်ဆက်တိုက်လွန်ကဲစွာသုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိများထိခိုက်လာခြင်း၊ လူနှင့်သတ္တဝါများ အသက်အန္တရာယ်ဆုံးရှုံးမှုကျော်လွှားစေရန် ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကို စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

ပိုက်ဆံလျှော်စိုက်ပျိုးရာတွင် ပိုက်ဆံလျှော်နှင့် အခြားသစ်စိမ်းပင်များကို မြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက စိုက်ပျိုးထားရှိပြီး ထယ်ထိုးနစ်မြုပ်သောအချိန်သည် အထူးအရေးကြီးကြောင်း၊ သက်တမ်းကြာလေ အထွက်ပမာဏပိုမိုများလာလေဖြစ်သော်လည်း အရိုး၊ အကိုင်းနှင့် ပင်စည်များရင့်မာလွန်းသည်အထိ စောင့်ဆိုင်းထယ်ထိုးနစ်မြုပ်ပါက ဆွေးမြေ့စေရန် အချိန်ပိုမိုကြာမြင့်နိုင်မည်ဖြစ်ကြောင်း၊ စပါးတစ်ဧကလျှင် (၄)ပြည်နှုန်းသုံးစွဲရကြောင်း၊ ပိုက်ဆံလျှော်ကို မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး(၃)လအကြာတွင် မျိုးစေ့များခူးယူနိုင်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကို မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများလေ့လာနိုင်ရန်အတွက် စိုက်ပျိုးထားပြီး မဲသမူးကျေးရွာရှိ တောင်သူဦးမောင်လုံး၏ လယ်ယာမြေတွင်လည်း (၃)ဧကစံပြစိုက်ပျိုးထားကြောင်း၊ လိုအပ်သည့်နည်းပညာများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဇင်လေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)