ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

  






MNP ၊ ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ၏ခရီးစဉ်လမ်းညွန်မှာကြားချက်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ 

ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက မယားမာန်ကျေးရွာအုပ်စု ၊ ကွင်းအမှတ်      ( ၄၇၇) မယားမာန်ကွင်းအတွင်းရှိ လယ်မြေ(၁၀) ဧကအား ထွန်စက်မောင်းနှင်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကြီးကြပ်၍ ပဲတီစိမ်းစိုက်ပျိုးခြင်း၊ စိုက်ပျိုးရန်ကျန် လယ်မြေများအား မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီနှင့်မယားမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ကြီးကြပ်မှုဖြင့် ပဲတီစိမ်းသီးနှံများ ဆက်လက်စိုက်ပျိုးစေရေး တောင်သူများအား တွေ့ဆုံညှိနှိုင်းကြပ်မတ်ဆောင်ရွက်ခဲ့သည်။

       ထို့နောက် နွားခြံကုန်းကျေးရွာအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာ ကွင်းအမှတ် ( ၄၄၂) တွင် ရာသီပန်းမန်သီးနှံနှင့် ဆောင်းသီးနှံစိုက်ဧကများ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်မြို့နယ် ၊မိန်းမရဲကျေးရွာရှိ ဆိုလာရေတင်စက်အား ကျွန်းတန်းရိုးကျေးရွာသို့ အမြန်ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်ရေး ၊ဆိုလာရေတင်စက်တပ်ဆင်မည့်နေရာအား ဒေသခံတောင်သူများဖြင့် စိစစ်ရွေးချယ်သတ်မှတ်ခြင်းများကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ခရီးစဉ် လမ်းညွန်မှာကြားချက်များအပေါ်  ရွှေတောင်မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီက မြေပြင်ကွင်းဆင်းအကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)