ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်





MNP ၊  ဒီဇင်ဘာ   ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့၊ ညနေပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဝန်ထမ်းများအနေဖြင့် ယနေ့မျက်မှောက်ခေတ်တွင်သတင်းအချက်အလက်နှင့်နည်းပညာများအား သိရှိနားလည်ထားကြရန် လိုအပ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်တာများအောင်မြင်ရေးအတွက် သတင်းအချက်အလက်များကို မီဒီယာနည်းလမ်းမျိုးစုံမှတစ်ဆင့်ရယူအသုံးပြု ဆောင်ရွက်နေကြရကြောင်း၊ယခုဆောင်ရွက်သည့် စာဖတ်ဝိုင်းတွင် ဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သည့် အချက်များအား သိရှိကြစေရေး ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ထမ်းများမှ မီဒီယာဆိုင်ရာသိနားလည်မှု အကြောင်းအရာများဖြင့်  စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။

ဂွမြို့နယ်ရုံးအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် တစ်လလျှင်နှစ်ကြိမ် ဝန်ထမ်းများစာဖတ်ဝိုင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)