စေတုတ္တရာမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စေတုတ္တရာမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

 မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်၌ (၂၀၂၃)ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)ကျောင်းတွင်လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာ ပြိုင်ပွဲကျင်းပရာတွင် စေတုတ္တရာမြို့နယ်ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကာ မြို့နယ်အတွင်းရှိ ကျောင်းများမှအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများကို "အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားပြီး ငြိမ်းချမ်း၍ စည်းလုံးသော နိုင်ငံတော်ကြီးတည်ဆောက်စို့" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးဖြေဆိုသူ (၁၁)ဦး၊ ကဗျာ (၂၀)ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၃)ဦး၊ စုစုပေါင်းဝင်ရောက်ယှဉ်ပြိုင်သူ (၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းကို စေတုတ္တရာမြို့နယ် ပညာရေးဌာန တာဝန်ရှိသူတစ်ဦးထံက သိရှိရသည်။


ဝင်းအိမွန်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)