ရမည်းသင်းမြို့(မြို့မ) လူထုဖြန့်ပျိုးဥယျာဉ်တွင် ကျောင်သား၊ကျောင်းသူများအား သစ်တောပျိုးပင်များ ပျိုးထောင်ခြင်းနည်း စနစ်အဆင့်ဆင့် အသိပညာပေး လက်တွေ့သရုပ်ပြ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့(မြို့မ) လူထုဖြန့်ပျိုးဥယျာဉ်တွင် ကျောင်သား၊ကျောင်းသူများအား သစ်တောပျိုးပင်များ ပျိုးထောင်ခြင်းနည်း စနစ်အဆင့်ဆင့် အသိပညာပေး လက်တွေ့သရုပ်ပြ ဆွေးနွေး


MNP ၊ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မအခြေခံပညာအထက်တန်းကျောင်းတို့မှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် မျိုးဆက်သစ် လူငယ်ကျောင်းသားကျောင်းသူများကို သစ်တောပျိုးပင်များ ပျိုးထောင်ခြင်းနည်းစနစ်နှင့် ပျိုးဥယျာဉ်လုပ်ငန်းအဆင့်ဆင့် ပြုလုပ်နည်း လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ရမည်းသင်းခရိုင်/မြို့နယ်သစ်တောဦးစီးဌာနရုံးဝန်းအတွင်းရှိ မြို့မလူထုဖြန့်ပျိုးဥယျာဉ်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစေရေး သစ်တောသစ်ပင်များ ရှင်သန်အောင် ပြုစုပျိုးထောင်စိုက်ပျိုရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး ခရိုင်သစ်တောဦးစီးမှူးနှင့် မြို့နယ်သစ်တောဦးစီးမှူးတို့က ကျောင်းသား၊ကျောင်းသူများအား ပျိုးပင်စိုက်ပျိုးနိုင်ရေး မျိုးစေ့ပျိုးထောင်ခြင်းနှင့် မြေစပ်ခြင်း၊ အိတ်ဖောက်ခြင်း၊ ပျိုးကူးခြင်းနှင့် ပြုစုပျိုးထောင်ခြင်း အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်ရာ ကျောင်းသား၊ကျောင်သူများမှ သစ်ပင်များ ပြုစုပျိုးထောင်ခြင်းအဆင့်ဆင့်မှ သိရှိလိုသည်များကို မေးမြန်းရာ ခရိုင်သစ်တောဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး မြို့မပျိုးဥယျာဉ်အတွင်း ကျွန်း (၁၅၀၀၀)ပင်၊ မယ်ဇလီ (၄၀၀၀)ပင်၊ ယူကလစ် (၅၀၀၀)ပင်၊ ငုရွှေဝါ(၃၀၀၀)ပင်၊ ပိတောက်(၃၀၀၀)ပင်၊ ယင်းမာ(၄၀၀၀)ပင်၊ စိန်ပန်း(၃၀၀၀)ပင်၊ မဟော်ဂနီ(၃၀၀၀)ပင်၊ ပျဉ်းမ(၅၀၀)ပင်၊ တပေဘူတ(၆၅၀၀)ပင်၊ ရေတမာ(၃၀၀၀)ပင် စုစုပေါင်း သစ်မျိုး(၁၁)မျိုးဖြင့် ပျိုးပင်(၅၀၀၀၀)ပင် ပျိုးထောင်စိုက်ပျိုးထားခြင်းကို လက်တွေ့ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြသည်။

ထို့နောက် ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်း ဆင်သေဆည် ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်း ပြုလုပ်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကို ကျောင်းသား၊ကျောင်းသူများ သိရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။


ဇော်ဝင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)