MNP ၊ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံ ၉၆၄၁၈ဧက စိုက်ပျိုးပြီးစီးကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုံရွာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ နှံစားပေါင်း ၉၂၇၉ ဧက၊ နွေစပါး ၂၅ ဧက၊ ပဲမျိုးစုံ ၄၀၈၃၃ ဧက၊ ဆီထွက်သီးနှံ ၂၇၇၈၁ ဧက၊ စားဖိုဆောင်နှင့် အခြားသီးနှံ ၂၅၃၁၃ ဧက စိုက်ပျိုးရန် လျာထားသည်။
“ဆောင်းသီးနှံ ၁၀၃၂၃၁ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်အထိ ၉၆၄၁၈ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ ချောင်းရေ၊ မြေအောက်ရေတင်၊ မြစ်ရေတင်၊ စိုက်ပျိုးကြပါတယ်။ လျာထားချက် ပြည့်မီရေး ဆက်လက်စိုက်ပျိုးနေကြပါတယ်။ သီးထပ်၊ သီးညှပ်နဲ့ တိုးချဲ့စိုက်ပျိုးဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက ပြောသည်။
မုံရွာမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးပြီးစီးမှု အနေဖြင့် ယနေ့အထိ ဆီထွက်သီးနှံ ၂၇၀၂၀ ဧက၊ ပဲမျိုးစုံ ၃၆၈၅၇ ဧက၊ အခြားသီးနှံ ၂၄၂၇၇ ဧက၊ နှံစားပေါင်း ၈၂၆၄ ဧက၊ စုစုပေါင်း ၉၆၄၁၈ ဧက ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment