အင်းဝခေတ်မြေဆေးတံ(၃၀)ခုကို အလှူရှင်များက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လှူဒါန်းအပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းဝခေတ်မြေဆေးတံ(၃၀)ခုကို အလှူရှင်များက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လှူဒါန်းအပ်နှံ




MNP ၊ ဒီဇင်ဘာ ၂၃

အင်းဝခေတ်မြေဆေးတံ(၃၀)ခုကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်နေ အလှူရှင်များမှဒီဇင်ဘာလ၂၁ရက်တွင် လှူဒါန်းအပ်နှံခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းများသည် အင်းဝမြို့ဟောင်းဒေသမှ စုဆောင်းသိမ်းဆည်းထားသော အင်းဝခေတ် မြေဆေးတံများဖြစ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ၁၁ရက်ကလည်း မကွေးတိုင်းဒေသကြီး၊ စလင်းမြိုနယ်၊ ကျပင်ကျေးရွာနေ ပြည်သူ(၁၅)ဦးမှ မိမိတို့စုဆောင်း ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း(၄၃၂)ခုကို အပ်နှံခဲ့သည့်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ချီးမြှင့်ငွေကျပ် (၄၃၄၂၀၇၂/-)နှင့် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခဲ့ကြောင်း သိရသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရွှေထည်နှင့် အခြားရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် တာဝန်သိစိတ်ရှိစွာအပ်နှံပါက လွှဲပြောင်းပေးအပ်သူကို အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်၍ အပ်နှံပစ္စည်း၏ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးငွေပါ တွက်ချက်ပြီး ချီးမြှင့်ငွေပေးအပ်လျက်ရှိကြောင်း၊ ထပ်ဆောင်းတန်ဖိုး သတ်မှတ်ရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်း၏ နောက်ခံသမိုင်းကြောင်းအခြေအနေ၊ ပြုလုပ်သည့်ပစ္စည်းအမျိုးအစား၊ အနုလက်ရာမြောက်မှု အဆင့်အတန်း၊ သက်တမ်းနှင့် ကာလတန်ဖိုးတိုအပေါ်တွင် မူတည်၍ စစ်ဆေးရေးအဖွဲ့က သတ်မှတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကျောက်ခေတ်မှစ၍ ကိုလိုနီခေတ်ကာလအထိ ခေတ်ခွဲခြား၍ ခေတ်ကာလ ကြေးကို ၅၀% မှ ၁၀၀% ထိလည်းကောင်း၊ လက်ရာကြေးကို ၃၀% မှ ၈၀% ထိလည်းကောင်း ကာလတန်ဖိုးအပေါ် ထပ်ဆောင်းချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)