(CI) ထုတ်ပေးရေးစခန်းများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် Remittance Management System(RMS) လက်တွေ့အသုံးပြုခြင်းသင်တန်းသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

(CI) ထုတ်ပေးရေးစခန်းများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် Remittance Management System(RMS) လက်တွေ့အသုံးပြုခြင်းသင်တန်းသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြား



MNP ၊ ဒီဇင်ဘာ ၂၁

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယမန်နေ့က မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် Remittance Management System(RMS) လက်တွေ့အသုံးပြုခြင်းသင်တန်းသို့ တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ CI ထုတ်ပေးရေးစခန်းများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် RMS စနစ်၏ လည်ပတ်ပုံ၊ CI အလုပ်သမားများအား e-OWIC လျှောက်ထားနိုင်ရေးအတွက် RMS စနစ်တွင် စာရင်းရေးသွင်းခြင်းနှင့် e-OWIC ထုတ် ပေးနိုင်ရေး Approval ပြုလုပ်ခြင်း များ၊ RMS Mobile Application အသုံးပြုရာတွင် လိုအပ်သည့် အချက်များအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း။


RMS Mobile Application ကို အလုပ်သမားများ၏ ဖုန်းအတွင်းသို့ ထည့်သွင်းပြီးပါက အလုပ်သမားများအနေဖြင့် ၎င်းတို့၏ e-OWIC အချက်အလက်များ၊ Passport (သို့မဟုတ်) CI အချက်အလက်များ၊ မိသားစုထံသို့ ငွေလွှဲနိုင်ရေးအတွက် ငွေလဲလှယ်နှုန်းများ၊ လုပ်ငန်းခွင်အခက်အခဲဖြစ်ပါက အကူအညီတောင်းခံခြင်းများ၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ ငွေလွှဲခဲ့သည့် မှတ်တမ်းများကို Mobile Application မှတစ်ဆင့် အလွယ်တကူ ကြည့်ရှုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် RMS Mobile Application လက်တွေ့အသုံးပြုခြင်းနှင့် ထိုင်းနိုင်ငံတွင် CI ထုတ်ပေးရေးလုပ်ငန်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဂရုတစိုက် သေချာစွာလေ့လာမှတ်သားထားကြရန် မှာကြားသည်။


ဆက်လက်၍ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က EID မှတ်ပုံတင်စနစ် အကြောင်းကိုလည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က CI ထုတ်ပေးရာ၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လည်းကောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အခွန် နှစ်ရာခိုင်နှုန်း ကောက်ခံ ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် CI ထုတ်ပေးရာ၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် လက်တွေ့ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)