MNP ၊ ဒီဇင်ဘာ ၁၈
ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ) ၏ " နှလုံးသားယဉ် ကျေးမှု စာစုများ " စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူ များအသင်း Book Club ဥက္ကဌ ၊ဆရာမကြီး ဒေါ်ခင်ယုနိုင်၊ အေပရယ်ယုနိုင်(ရွှေတောင်)ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ မင်းဓမ္မ (ရွှေတောင်) နှင့် ပေါင်းတည်မြို့နယ်မှ စာပေ
ဝါသနာရှင် ဦးသောင်းထိုက်တို့က မုဒိတာ စကားများ အသီးသီး ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော စာပေချစ်သူများက တစ်ဦးချင်း မိတ်ဆက်ကြပြီး စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ) ၏ "နှလုံးသားယဉ် ကျေးမှု စာစုများ " စာအုပ်ဖြင့်ဆွေးနွေးကြရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဌ
ဒေါ်ခင်ယုနိုင်၊ အေပရယ်ယုနိုင် ရွှေတောင်က " မိခင်၏ စွန့်လွှတ်အနစ်နာခံမှု" ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဆရာကြီး ဦး ဇော်မင်းက "စည်းလုံးညီညာ အောင်ကြောင်းဖြာ " ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ဆရာကြီး ဦးအုန်းမောင်
မောင်အေးငြိမ်း-သရက် က "တန်ဖိုးထား နားလည်တတ်ပါစေ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော မျိုးဆက်သစ်လူငယ်များက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စာရေးဆရာကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးပြီးနောက် ပေါင်းတည်မြို့နယ်မှ စာပေဝါသနာရှင် ဦးသောင်းထိုက်က ရွှေတောင်မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာ စောင်များ လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment