MNP ၊ ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ဌာနဆိုင်ရာများ နှင့်လူငယ်အသင်း (Youth Club)တို့ပူးပေါင်း၍ Microsoft Office Power pointနှင့် Excel အသုံးပြုနည်း ရက်တိုသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့်မျိုးဆက်သစ် လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် လုပ်ငန်းစွမ်း ဆောင်ရည်များမြင့်မားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း နှင့် ယခု ရက်တိုသင်တန်းမှသည် မိမိတို့ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူ လျင်မြန်လာပြီးအကျိုးရှိနိုင်မည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးဝဏ္ဏထွန်းက သင်တန်း သားများအား အချိန်တိုအတွင်း အသုံးပြုနည်း အဆင့်ဆင့်ကို အသေးစိတ် ပြသပြီးဖြစ်၍ လုပ်ငန်းခွင်အတွင်း ဆက်လက် လေ့လာအသုံးပြုကြရန် အကြံပြုပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်းနည်းပြဆရာ ဦးဝဏ္ဏထွန်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂါရဝလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် Microsoft Office Power point အသုံးပြုနည်းနှင့် Microsoft Office Excel အသုံးပြုနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပြသခဲ့ရာ ရွှေတောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း(၁၅) ဦး တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ သင်တန်းကာလ (၃)ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment