MNP ၊ ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အချိုမှုန့်အန္တရာယ်အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့ နေ့ လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင် က နေ့စဉ် စားသုံးနေသော အစား အစာများတွင် အချိုမှုန့် သုံးစွဲမှု၏ ဆိုးကျိုးများနှင့် ပတ်သက်၍ စာဖတ်ပရိသတ်များ ကျန်းမာရေး အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အချိုမှုန့်လို့ လူသိများတဲ့ အဖြူရောင် အမှုန့်လေးတွေနဲ့ ဓာတုဗေဒ အခေါ်အရ မိုနိုဆိုဒီယမ် ဂလူတမိတ် (Monos odium glutamate) ဖြစ်ကြောင်း၊ အချိုမှုန့်ကို စတင်တီထွင်ခဲ့သည့်အကြောင်း၊ အာဂျီနိုမိုတိုရဲ့ အဓိပ္ပာယ်၊ ကျန်းမာရေး အတွက် သတိထားပြီး ဆင်ခြင်ကြပါကြောင်း အချိုမှုန့်နဲ့ ပတ် သက်လို့ ကျန်းမာရေး အတွက် သတိထား ရှောင်ကြဉ်သင့်တဲ့ အချက်တွေကိုပါ ပြည့်ပြည့်စုံစုံ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးဝင်းက အာဂျီနိုမိုတို ကို အသုံးပြုတဲ့ ကုန်ကြမ်းကတော့ သဘာဝ ကုန်ကြမ်း ဖြစ်သည့် ကြံ၊ ပြောင်း၊ ပီလောပီနံ အစရှိတဲ Starch ကြွယ်ဝတဲ့ သဘာဝပစ္စည်းတွေ ဖြစ်ကြောင်း၊ ပစ္စည်းတွေကို အသုံးပြုတဲ့ နည်း၊ အချိုမှုန့်ဟာ သဘာဝမှာ တွေ့ရတဲ့ ပစ္စည်း မဟုတ်ပါကြောင်း၊ လူလုပ် ဖန်တီးယူတဲ့ ဓာတုပစ္စည်း တစ်ခုသာ ဖြစ်ပါကြောင်း၊ ဒါကြောင့် အချိုမှုန့်ကို စားရင် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ထက် များစွာ ပိုလျှံသွားတဲ့ အတွက် ကျန်းမာရေး ဆိုးကျိုးတွေ ပေးတာ ဖြစ်ပါကြောင်း၊ ဟင်းချိုမှုန့်ကို ခန္ဓာ ကိုယ်ထဲ ဝင်ရောက်မှု လျော့ နည်းအောင် ဘယ်လိုမျိုး စားသောက်ရမလဲ ဆိုတာကို အသိပညာပေး ဆွေးနွေးပြော ကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment