ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်




MNP ၊  ဒီဇင်ဘာ  ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့“ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့်  စာဖတ်ဝိုင်း ကို ယနေ့ နံနက် ၁၁ နာရီအချိန်  လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့   “ရုံးလုပ်ငန်း လက်စွဲ” စာ အုပ်ပါ အကြောင်းအရာများဖြစ်သော ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း နှင့် စာရွက်စာတမ်းများ လုံခြုံစွာကိုင်ကွယ် ထိန်းသိမ်းခြင်း ခေါင်းစဉ်ပါ အကြောင်းအရာများအား ဖတ်ကြားခဲ့ပြီး ခရိုင်ရုံးရှိ ဝန်ထမ်းများက မှတ်တမ်းထိန်းသိမ်းခြင်း ၊ ပစ္စည်းမှာယူထိန်းသိမ်းခြင်း နှင့် သုံးစွဲခြင်း စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြား ခဲ့ကြ ပြီး  အပြန်အလှန် ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)