MNP ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်ရုံး Community Centre ခန်းမ၌ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စာအုပ်ဖြင့် ယနေ့ နေ့လယ်ပိုင်းက ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့်တာဝန်(၃)ရပ်၊ဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၁၂)ပါးခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားသည်။ ထို့နောက် ဒုတိယဦးစီးမှုး ဒေါ်ခင်ခင်အေးနှင့် ဝန်ထမ်းများက ဝန်ထမ်းအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၅)ပါး၊ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၅)ပါး၊နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၈)ပါး ခေါင်းစဉ်များနှင့် ဖတ်ကြားဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးအရာရှိက ဝန်ထမ်းများသိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်တင်ကြည်( ပြန် /ဆက်)
https://t.me/MyanmarNationalPost


No comments:
Post a Comment