ကန့်လူမြို့ပေါ်တွင် လုံခြုံရေးကောင်းမွန်သည့်အတွက် ကမ္ဘောဇ(KBZ)ဘဏ်ကို ပိတ်ထားသည့်အပေါ် ပြန်လည်ဖွင့်ပေးစေလို(အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်လူမြို့ပေါ်တွင် လုံခြုံရေးကောင်းမွန်သည့်အတွက် ကမ္ဘောဇ(KBZ)ဘဏ်ကို ပိတ်ထားသည့်အပေါ် ပြန်လည်ဖွင့်ပေးစေလို(အိတ်ဖွင့်ပေးစာ)



 ကန့်ဘလူမြို့ လုံခြုံရေးကောင်းပါလျက် ကမ္ဘောဇဘဏ်ကို ပိတ်ထားပါတယ်။ လုံခြုံရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းအသီးသီးမှ အာမခံပါလျှက်နဲ့ ပိတ်ထားခြင်းဖြစ်ပါတယ်။ PDF အဖွဲ့အစည်းများနှင့် တိုင်ပင် ပြီးပိတ်ထားတယ်လို့ မြို့ခံပြည်သူလူထုအတွင်းမှာ ပြောဆိုသံများ ကြားသိနေရပါတယ်။ ယနေ့အချိန်ထိ ကန့်ဘလူမြို့ပေါ်မှာ ဝါဆိုပွဲ၊ ကထိန်ပွဲ၊ သကြန်ပွဲ တွေ ဟန်ချက်ညီညီ ကျင်းပနိုင်ခဲ့ပါတယ်။ ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ဝန်ထမ်းယူနီဖောင်းများနှင့် ရုံတက်နေကြသည်ကို တွေ့မြင့်နိုင်ပါတယ်။ 

ယခုကာလ သီးနှံပေါ်ချိန်တွင် ဒေသခံတောင်သူအသီးသီးမှ ရောင်းဝယ်ဖောက်ကားရာတွင် မန္တလေးသို့ ကုန်ကားများ ဖြင့်သွားရောက်ရောင်းချရပါတယ်။ ရောင်းဝယ်ရာတွင် အပြန်ကားပေါ်တွင်ပါလာသော ငွေကြေးအား PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ဖြင့် ခြိမ်းခြောက် လုယက်မှုများ ရှိပါတယ်။ ကန်ဘလူမြို့မှာ KBZ ဘဏ် တစ်ခုတည်းသာ ရှိသည့်အတွက် မြို့ခံများ ငွေဝင်၊ ငွေလွှဲ၊ ငွေထုတ် ခက်ခဲအောင် KBZ ဘဏ်အနေဖြင့် ယခုကဲ့သို့ ပိတ်ထားခြင်းမျိုး မလုပ်သင့်ပါ။

ထိုသို့ ပိတ်ထားခြင်းမှာ အကြမ်းဖက်ခေါင်းဆောင်များနှင့် ညှိနှိုင်းတိုက်ပင်၍ ပိတ်ထားခြင်း ဖြစ်ကြောင်း PDF အဖွဲ့ထဲမှ အမာခံသတင်းပေးများ၏ ပြောဆိုမှု သတင်းများလည်း ထွက်ပေါ်လျက်ရှိပါတယ်။ အစိုးရလုံခြုံရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များမှ လုံခြုံရေးအာမခံနေသော်လည်း PDF အကြမ်းဖက်အဖွဲ့အစည်းနှင့် ပါတ်သက်ဆက်နွယ်၍ ယခုကဲ့သို့ ဆောင်ရွက်နေမှုအပေါ် မြို့နေပြည်သူများက မလိုလားအပ်သော လုပ်ဆောင်မှုအဖြစ် ရှုမြင်ကြပါသည်။

ဒေသထွက်ကုန်များ သွားရောက် ရောင်းချရာတွင် လမ်းခရီး၌ လုယက်ခံရမှုများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ဘဏ်မှတဆင့် ငွေလွှဲ ငွေထုတ် ပြုလုပ်ရန်အတွက်ကိုပင် လွယ်ကူအဆင်ပြေအောင် ဆောင်ရွက်ပေးခြင်း မရှိဘဲ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်၍ ဘဏ်ပိတ်ထားသည့်အပေါ် တာဝန်ရှိသူများအနေဖြင့် လုပ်ထုံးလုပ်နည်းများအညီ စိစစ်ဆောင်ရွက်ပေးစေ လိုပါသည်။ 

ဒေသထွက်ကုန်များ အရောင်းအဝယ်ပြုလုပ်ပြီး လမ်းခရီးတွင် PDF အကြမ်းဖက်အဖွဲ့များက ဓားပြတိုက်ယူမှုများ လုပ်ဆောင်နေခြင်းကြောင့် မြို့နေ ပြည်သူများအတွက် ငွေလွှဲ ငွေထုတ် အဆင်ပြေ ချောမွေ့စေရန် လိုအပ်ပါသည်။ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကလည်း လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးနေသည့်အပေါ် ဘဏ်ဝန်ဆောင်မှု ပုံမှန်အတိုင်း ဆောင်ရွက်ပေးနိုင်ရန် ဒေသခံ ပြည်သူတစ်ဦးအနေဖြင့် အလေးအနက် တိုက်တွန်း တောင်းဆိုပါသည်။


ကန့်ဘလူမြို့မှ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)